Ep_18 (Unicode)

191 13 0
                                    

လေဆိပ်ကနေအထုပ်အပိုးပင်မချနိုင် ဆေးရုံကိုအပြေးသွားခြင်းရလဒ်သည် နှလုံးသားကိုပြင်းထန်စွာထိခိုက်စေမယ့်မြင်ကွင်းမျိုးကိုမြင်ရလိုခြင်းမှမဟုတ်ခဲ့ဘဲ

ကုတင်ဖြူ ဖြူ ထက်လှဲလျောင်းနေတဲ့သူက Wu Yi Fan တဲ့လား

ပိန်လွန်းနေတဲ့ခန္ဓာကိုယ်ဟာအနည်းငယ်လေးတောင်လှုပ်နိုင်သေးရဲ့လား ပိန်လှီနေတဲ့လက်တွေမှာလည်း
ဆေးပိုက်တွေကရှုပ်ယှက်ခတ်လှစွာ

" Wu Yi Fan "

အနည်းငယ်လေးတောင်လှုပ်ရှားမှုမရှိတဲ့ခန္ဓာကိုယ်ဟာပကတိငြိမ်သက်နေစဲ မှိတ်ထားတဲ့မျက်ခွံလေးတွေများ
ဖြတ်ခနဲပွင့်လာမလားမျှော်လင့်မိပေမယ့်

ကျွန်တော်မငိုချင်ဘူး Wu Yi Fan ~

ဒါပေမယ့်မျက်လုံးတွေထဲကကော ဘယ်ဘက်ရင်ဘတ်ထဲမှာရှိတဲ့နှလုံးသားကပါ မျက်ရည်ဆိုသောအရာတွေ အဆက်မပြတ်ကျဆင်းနေလေတယ်

" မင်းတွေ့ပြီမဟုတ်လား Chanyeol အဲ့နေ့ကသာ Ge စီကိုငါစောစောမရောက်ဖြစ်ခဲ့ရင်လေ ... "

" တော်ပါတော့ တော်ပါတော့ Lu ရယ် ဆက်မပြောပါနဲ့တော့ ငါ့ရင်တွေကွဲထွက်တော့မယ် "

ဆေးရုံအခန်းထဲကကြမ်းပြင်ပေါ်မှာအရုပ်ကြိုးပြတ်ထိုင်ချပြီးသည်းထန်စွာငိုကြွေးနေတဲ့ကျွန်တော့်ကိုဖက်ရင်း Lu ကပါလိုက်ပြီးငိုကြွေးနေလေတယ်

ဒါဟာဘယ်လိုတောင်ဆိုးရွားလွန်းတဲ့အိမ်မက်ဆိုးကြီးလဲ ဒါအိမ်မက်မဟုတ်လား Wu Yi Fan ဒါအိမ်မက်ပါနော် ကျွန်တော်ပြန်နိုးလာချင်ပြီဗျာ ...

နည်းနည်းလေးပြန်သတိဝင်လာတဲ့ကျွန်တော်ဟာ ကုတင်ဘေးကခုံလေးကိုအပြေးအလွှားဝင်ထိုင်နေခဲ့မိတယ် မေ့မြောနေတယ်လို့ထင်ရလောက်အောင်အိပ်မောကျနေတဲ့သူ့လက်လေးကိုမလွှတ်တမ်းကိုင်ထားနေရင်း

" Wu Yi Fan ခင်ဗျားတကယ်အကျင့်မကောင်းဘူးဗျာ အခုထတော့ ကျွန်တော်ကခင်ဗျားကြောင့် Korea
ကနေဒီကိုလာခဲ့ရတာလေ နည်းနည်းပါးပါးထပြီးတော့စကားပြန်ပြောဖို့ကောင်းတာပေါ့ "

" ထပါဆို ထတော့ ခင်ဗျားအိပ်ချင်ယောင်ဆောင်နေမှန်းကျွန်တော်သိတယ် ထတော့လို့ဆိုနေ "

ကျိန်စာWhere stories live. Discover now