Final (Unicode)

340 17 1
                                    

" Ge ဒီနေ့ဆေးရုံဆင်းရမယ်ဆို "

" အင်း ဟုတ်တယ် "

" အဲ့ဒါဆို သွားရအောင်လေ အိမ်ကနေ ကားယူခဲ့တယ် ကျွန်တော်လိုက်ပို့ပေးမယ် "

" နေပါစေ Lu ရာ ငါနဲ့ Fan Fan ဘဲ ပြန်လိုက်ပါ့မယ် "

" အာ လိုက်ပို့ပေးပါ့မယ်ဆို "

" ပြီးတာဘဲ အဲ့ဒါဆိုလည်း ခဏစောင့် ငါ ပစ္စည်းတွေသိမ်းလိုက်ဦးမယ် "

" ကလေးကိုဝိုင်းကူညီပေးမယ်လေ "

" နေ နေ ရတယ် Fan Fan ကျွန်တော့်ဘာသာလုပ်လိုက်မယ် "

" Xiao Lu! Xiao Lu !!!!!!!!!! "

ဘုရား လန့်လိုက်တာဆိုတာ Oh Sehun ဆိုတဲ့ကောင်လေးရောက်လာတာပါလား အသံကလည်းအော်ဟစ်ဆူညံနေတာဘဲ ဆေးရုံမှန်းမသိဘာမှန်းမသိအရိုင်းကောင်လေး

" ခင်ဗျားကို ကျွန်တော်ခေါ်နေတာမကြားဘူးလားကြားရင်ပြန်ဖြေလေ ခင်ဗျားမှာပါးစပ်မပါဘူးလား "

" Oh Sehun မင်းလူလိုနားမလည်ဘူးလား ဆေးရုံကြီးထဲမှာကို ဘာဖြစ်ချင်နေတာလဲ "

" ခင်ဗျားကတော်တော့်ကိုလျှာရှည်တာဘဲ ဟိုမှာသူ့အကောင်ရောက်လာပြီလေ ခင်ဗျားနဲ့ဘာဆိုင်လို့ဒီနေရာကိုရောက်နေရပြန်တာလဲ "

" အဲ့ဒီစကားကငါမင်းကိုပြောရမှာ မင်းနဲ့ငါက လွန်ခဲ့တဲ့သုံးပတ်လောက်ထဲကလမ်းခွဲပြီးပြီလေ မင်းနဲ့ငါကဘာဆိုင်လို့ ဟိုလိုလုပ်စရာလိုလို့လား ဒီလိုလုပ်စရာ
လိုလို့လားတွေလာပြောနေရတာလဲ "

" လမ်းခွဲတယ် ဘယ်သူ့သဘောနဲ့လဲ "

" မင်းစကားကိုဗလောင်းဗလဲမပြောနဲ့ Oh Sehun မင်းဘဲငါ့ကိုအရင်လမ်းခွဲပေးပါလို့ပြောတာလေ ငါကမင်းဖြစ်စေချင်သလိုလုပ်ပေးလိုက်တာ မင်းကအခုမှ ဘာလာရှုပ်တာလဲ "

" ကျွန်တော်ကလမ်းခွဲပေးပါပြောတိုင်း ခင်ဗျားကလမ်းခွဲပေးစရာလား ခင်ဗျားဘဲကျွန်တော့်ကိုချစ်တယ်ဆို ခင်ဗျားကကျွန်တော့်ကိုအရင်စကြိုက်ခဲ့တာပါဆို ပြောလေ ပြော အဲ့ဒါတွေအားလုံးကအလိမ်အညာတွေလား "

" တော်တော့ မင်းဆက်ရှင်းချင်ရင်အပြင်ကိုသွားမယ် ဒီနေရာကဆေးရုံ ပြီးတော့ Ge တို့ကိုအားနာစရာ
ကောင်းတယ် "

ကျိန်စာWhere stories live. Discover now