Ep_1

16.5K 841 24
                                    

" ဟာ Pa Pa ကြိုက်တဲ့အစားအသောက်တွေကိုကျွန်တော်မစားဘူးလို့ဘယ်နှစ်ခါပြောရမလဲ ဟမ်
အခုပြန်သိမ်း "

ဆူညံဆူညံအသံတွေကြောင့်အိပ်ခန်းထဲက Ma Ma ထွက်လာသည် Ma Ma နေကောင်းတာလည်းမဟုတ်ဘဲနဲ့

" Fan Fan လေးရယ် Ma သားလေးကို Ma ပြောထားတယ်လေ Pa Pa ကိုမမုန်းရဘူးလို့ "

" မသိဘူး ကျွန်တော် Pa Pa ကိုမုန်းတယ် Ma Ma ကိုစိတ်ဆင်းရဲအောင်အမြဲတမ်းလုပ်လို့မုန်းတယ်
မရဘူး ကျွန်တော်မုန်းတယ် အရမ်းမုန်းတယ် "

" တော်တော့ Fan Fan ~ Ma Ma ဒေါသမထွက်ချင်ဘူး "

" Ma Ma ကျန်းမာရေးကိုဂရုစိုက်ပါ Ma Ma နေမကောင်းမှာကျွန်တော်ကြောက်တယ် "

Pa Pa ကျွန်တော်လူမှန်းသိတတ်စအရွယ်တည်းက Ma Ma ကိုနေ့တိုင်းနီးပါးစိတ်ညစ်အောင်လုပ်တဲ့သူ
ဟင့်အင်း ကျွန်တော်မတွေးချင်ဘူး Ma Ma ငိုခဲ့ရတဲ့နေ့ရက်တွေကို

Pa Pa တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့တဲ့မိန်းမတွေက 14 နှစ်အရွယ်ကျွန်တော့်အတွက်မရေမတွက်နိုင်
အောင်များပြားလွန်းနေသည်လေ

မုန်းလိုက်တာ Pa Pa ကျွန်တော်ကိုယ့်ဘဝကိုရပ်တည်နိုင်တဲ့တစ်နေ့ Ma Ma ကိုခေါ်ပြီးကျွန်တော်ထွက်သွား
မှာ

" တော်တော့ ငါ့ဘာသာ အတွင်းရေးမှူးနဲ့ဘဲဖြစ်ဖြစ်
ဘယ်သူနဲ့ဘဲရှုပ်ရှုပ် မင်းနဲ့မသက်ဆိုင်ဘူး မင်းဘာသာငါ့အကြောင်းသိရဲ့နဲ့ချစ်ခဲ့တာဆို ငါ့ကိုမှမရရင်သေတော့မယ်ဖြစ်နေလို့ စီးပွားရေးအရမင်းအဖေမျက်နှာငဲ့ပြီးမင်းကိုယူခဲ့တာ "

" ဒါပေမယ့် ဒါပေမယ့် Fan Fan လေး ကျွန်မတို့ရဲ့သားလေးရဲ့မျက်နှာကိုတော့နည်းနည်းဘဲဖြစ်ဖြစ်ငဲ့သင့်တယ် "

" Wu Yi Fan ဆိုတာငါ့ကိုချည်နှောင်ဖို့လုပ်ခဲ့တဲ့မင်းရဲ့ကြိုးတစ်ချောင်းလေ မင်းထောင်ထားတဲ့ထောင်
ချောက်ထဲတိုးဝင်ရလောက်အောင်ငါမရူးမိုက်သေးဘူး "

ရိုးနေပြီ Pa Pa အလွတ်တောင်ရနေခဲ့ပြီ Pa Pa ~ Ma Ma နဲ့ရန်ဖြစ်တိုင်းကြားနေရတဲ့စကားသံတွေတိုင်းမှာကျွန်တော်က Pa Pa အတွက်အမှိုက်တစ်စ

Pa Pa ကျွန်တော့်ကိုမချစ်သလို ကျွန်တော်လည်း Pa Pa ကိုမုန်းသည်လေ နည်းနည်းလေးတောင်
နည်းနည်းလေးတောင် ကျွန်တော်နဲ့ Ma Ma ကိုချစ်ပေးလို့မရဘူးလား Pa Pa

ကျိန်စာWhere stories live. Discover now