Part-5

8.8K 777 109
                                    

(Unicode)

နေခကျောင်းကနေအိမ်သို့ပြန်ရောက်သည့်အချိန် ဧည့်ခန်းထဲတွင်အရက်ထိုင်သောက်နေသောဖေဖေ့ကိုတွေ့ရသည်။ ခါတိုင်းလိုပဲဖေဖေမူးနေပြန်ပါပြီ။

"ဖေဖေ ကျွန်တော်ပြန်ရောက်ပြီ"

သူအသံကြောင့်မော့ကြည့်လာတဲ့ဖေဖေ။ ဖေဖေ့ရဲ့အကြည့်တွေကဘာကြောင့်အမြဲ သူစိမ်းဆန်နေရတာလဲမသိပေမဲ့ ထိုသို့ကြည့်ခံရတိုင်း နေခရင်ထဲတင်းကျပ်ရစမြဲပင်။

"အေ့! ဘယ်သူလဲ ငါ့သားဆိုတဲ့တစ်ယောက်လား"

"ဖေဖေအရမ်းမူးနေပြီ အိပ်ခန်းထဲဝင်အိပ်လိုက်တော့နော်"

ပြောပြီး ဖေဖေ့ကိုတွဲကူပေးဖို့ကြိုးစားမိသည်။

"လွှတ်စမ်း ငါ့ကိုအဖေလို့မခေါ်နဲ့ ငါမင်းအဖေမဟုတ်ဘူး ဝတ်ဆံလွှာဆိုတဲ့မင်းအမေကသာ ငါ့ကိုအပိုင်သိမ်းခဲ့တာ"

မူးရင်အမြဲပြောနေကျစကားတွေဆိုပေမဲ့ ကြားရပါများပြီးထုံသွားတယ်ဆိုတာမျိုးမရှိခဲ့ပါ။

"ဟင်းး ဟုတ်ကဲ့ ဒါဆိုသားအပေါ်တတ်တော့မယ် ဖေဖေလည်းခဏနေ အိပ်ခန်းထဲဝင်တော့နော်"

ဝဲတတ်လာတဲ့ မျက်ရည်တွေကိုထိန်းရင်း အပေါ်ထပ်ရှိနေခအခန်းသို့တတ်လာလိုက်သည်။

"အေ့! မင်းစေခရဲ့ဘဝမှာချစ်ခဲ့ဖူးတာဆိုလို့ ငယ်သွေးနောင်တစ်ယောက်ပဲရှိတယ် အဲ့မိန်းမကြောင့်သာမဟုတ်ရင်.... ပြီးတော့ ‌ငယ်... မင်းလည်းကိုယ့်ကိုရက်စက်ခဲ့တယ် ကိုယ့်ကိုမယုံကြည်ပေးခဲ့ဘူး...အေ့"

နောက်ပါးဆီကဖေဖေ့ရဲ့မပီမသအသံတွေက နေခရင်ကိုနာကျင်စေသည်။ ဖေဖေပြောတဲ့ငယ်သွေးနောင်ဆိုတဲ့လူက ဘယ်သူမှန်းမသိပေမယ့် နေခအရမ်းမုန်းပါသည်။

အိပ်ခန်းထဲရောက်မှသာ မျက်ရည်တွေကိုစီးကျခွင့်ပြုလိုက်သည်။ ငယ်ငယ်တည်းကနေခ‌မှာမေမေပဲရှိခဲ့တာ။ ဝတ်ဆံလွှာဆိုတဲ့မေမေကအရမ်းလည်းလှသလိုစိတ်ထားလည်းဖြူစင်ပါသည်။ အဲ့တာကိုဖေဖေဘာလို့မေမေ့ကိုမုန်းနေရတာလဲနေခမသိ။ တစ်ခါကမနေနိုင်လွန်းလို့ မေမေ့ကိုမေးကြည့်ဖူးသည်။

"မေမေ ဖေဖေကဘာလို့မေမေ့ကိုမုန်းနေတာလဲ ပြီးတော့သားကိုရောဘာလို့မချစ်တာလဲဟင်"

Proof Of LoveWhere stories live. Discover now