Part-35

5.9K 492 95
                                    

(Unicode)

"နေ"

"ဗျာ"

"ဝယ်ချင်တာရှိလား"

လွှမ်းတို့အခုတာမွေOceanကိုရောက်နေခြင်းဖြစ်သည်။အိမ်ထဲမှာပဲအမြဲလှောင်ပိတ်နေခြင်းကလည်းအကျိုးမရှိနိုင်ပေ။ထို့ကြောင့်  စိတ်လက်ပေါ့ပါးအောင်ရော ဒီကောင်လေးအပြင်မထွက်တာကြာပြီဖြစ်တာကြောင့်ပါလွှမ်းခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။

"ဝယ်စရာတော့မရှိဘူး ဒါပေမဲ့...ဗိုက်ဆာနေတယ် ကြက်ကြော်စားချင်တယ်"

"ဟုတ်ပါပြီ သခင်လေးအလိုကျပါခင်ဗျ"

"မနောက်ပါနဲ့ဗျာ"

"ဘာလဲ ရှက်လို့လား"

"ကိုကို!"

"ဟား ဟား"

နားရွက်တွေနီရဲနေပြီဖြစ်တဲ့ကောင်လေးကိုဆက်မစတော့ဘဲ လွှမ်းKFCသို့သာဦးတည်၍ဝှီးချဲကိုတွန်းလာလိုက်သည်။ဒီကောင်လေးကအဲ့လိုပါပဲ။လွှမ်းစနောက်တိုင်းနားရွက်တွေနီရဲကာရှက်နေတတ်သည်။သူ့ကိုရှက်နေတာလားလို့မေးရင်လည်းမကြိုက်ပေ။ ဒီလိုအပြုအမူလေးတွေကြောင့်သာ    လွှမ်းကလည်းမစရရင်ကိုမနေနိုင်တာ။

လမ်းတစ်လျှောက်ကွက်ကြည့်ကွက်ကြည့်လုပ်နေသည့် လူတချို့ရှိသော်လည်းလွှမ်း လျစ်လျူရှုထားလိုက်သည်။လူတွေဖြစ်ပေမဲ့ လူမှုရေးနားမလည်တဲ့လူတွေပါ။ထိုသို့လိုက်ကြည့်နေခြင်းကမယဥ်ကျေးရာရောက်တယ်ဆိုတာ နားမလည်ကြဘူးလားမသိ။ တချို့ကပညာတတ်ကြပေမဲ့ အသိဥာဏ်တော့မရှိကြတဲ့လေ။

တချို့ကလည်းဝှီးချဲပေါ်ကကောင်လေးကို သနားသလိုကြည့်နေကြသည်။ထို့ပြင်'သနားပါတယ်'ဟူသောစကားသံတချို့ကပါထွက်ပေါ်လာ၏။ထိုစကားသံတွေကိုဝှီးချဲပေါ်ကကောင်လေးလည်းကြားလောက်မည်ဆိုတာ တင်းတင်းဆုပ်ထားသည့်လက်သီးဆုပ်လေးနှစ်ခုကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ ထို့အချင်းအရာကြောင့် လွှမ်းဝှီးချဲတွန်းနေသည့်အရှိန်ကိုပိုမြှင့်လိုက်၏။အဲ့လိုအကြည့်မျိုးတွေနဲ့ကြည့်နေခြင်းကိုလွှမ်းလည်းသည်းမခံနိုင်ပါ။ဘုန်းမီးနေခဆိုတာသူတို့သနားနေရမည့်လူမျိုးမဟုတ်။

Proof Of LoveWhere stories live. Discover now