Part-8

7.3K 703 60
                                    

(Unicode)

လှိုင်းပုတ်သံတွေတဝေါဝေါနဲ့အတူ ကမ်းစပ်မှာလမ်းလျှောက်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ရင်ခုန်သံကလည်း တိတ်ဆိတ်တဲ့ညဥ့်ယံမှာဆူညံလျက်ရှိသည်။ ဒီနေ့ကချောင်းသာခရီးနောက်ဆုံးနေ့။မနက်ဖြန်ဆိုပြန်ကြရတော့မည်ဖြစ်သည်။ မနေ့ကမီးပုံနဲ့စုဝေးဆော့ကစားပြီးပြီဖြစ်တဲ့အတွက် ဒီနေ့တော့အားလုံးအနားယူဖြစ်ကြ၏။

'မောင်နဲ့အတူ လမ်းလျှောက်ချင်တယ်'ဆိုတဲ့ ချစ်ရသူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ရာ ပြယုဂ် အေမီ့လက်လေးကိုဆွဲ၍ သောင်ပြင်မှာလမ်းလျှောက်နေသည်။ ညဘက်လည်းဖြစ်သောကြောင့် ပင်လယ်လေအေးအေးက သိသိသာသာတိုက်ခတ်နေလျက်။

"အေမီ အေးနေလား"

"အင်း နည်းနည်းချမ်းစိမ့်စိမ့်လေး"

ပြယုဂ်ဝတ်ထားတဲ့အပေါ်ထပ်လေးကိုချွတ်၍ အေမီကိုယ်ပေါ်ထပ်လွှားတင်ပေးလိုက်သည်။ ထို့နောက် ပုခုံးတစ်ဖက်ကိုဖက်၍ ပြယုဂ်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"နွေးသွားပြီလား"

"အင်း အရမ်းပဲ"

ပြုံး၍ပြန်ဖြေသောချစ်ရသူကိုကြည့်ပြီး ပြယုဂ်စိတ်တွေအေးချမ်းရသည်။ထို့နောက် မြတ်နိုးမှုသ‌ေင်္ကတဖြစ်တဲ့အနမ်းလေးကို အေမီ့နှာဖူးထက်ရှိမှဲ့နက်လေးပေါ် ခိုနားခွင့်ပြုလိုက်သည်။

"ဒီမှဲ့နက်လေးကိုရော မင်းကိုရော မောင်သိပ်မြတ်နိုးတယ်"

မြတ်နိုးမှုတွေပြည့်လျှံနေတဲ့မောင့်မျက်လုံးတွေက မောင်ပြောတဲ့စကားအမှန်ဆိုတာကို သက်သေပြနေပါသည်။

"ငါမောင့်ကိုချစ်လိုက်ရတာ"

မောင့်ရင်ခွင်ထဲတိုးဝင်မိပြန်သည်။ နွေးထွေးမှုတွေပြည့်နှက်နေတဲ့မောင့်ရင်ခွင်ကအေမီ့ခိုနားရာပါပဲ။

"မောင်"

"ဗျာ"

"ငါတို့နှစ်ယောက်အကြောင်း ဖွားကိုပြောပြလိုက်တော့မယ်"

"တကယ်လား အေမီ"

"အင်း"

"ဟုတ်ပြီလေ မောင်တို့ခရီးကအပြန်ဖွင့်ပြောကြတာပေါ့"

Proof Of LoveWhere stories live. Discover now