Part-27

6.4K 565 61
                                    

(Unicode)

"မောင်ပြောသလိုဆိုရင် ဦးငယ်လည်းသနားပါတယ်နော်"

ကိုသူရရဲ့ပြောပြချက်တချို့ကိုပြန်ပြောပြမိတော့ စိတ်မကောင်းသလိုမျက်နှာလေးကမှိုင်းညှို့ညှို့။အေမီမပြောနဲ့ ပြယုဂ်ကိုယ်တိုင်လည်းစိတ်ထဲမကောင်းပါ။ဘယ်မိဘကသားသမီးကိုမချစ်ဘဲရှိပါ့မလဲ။

ထိုသို့တွေးမိသည်နှင့်တပြိုင်နက် ပြယုဂ်ဖေဖေ့ကိုသတိရသွားမိသည်။ ဖေဖေ့ဆီသွားမယ်လို့တွေးထားပေမဲ့ရှုပ်ထွေးလှတဲ့ပြဿနာတွေကြောင့်မသွားဖြစ်သေး။

တကယ်ဆို ဖေဖေကဂရုစိုက်ဖို့အချိန်မပေးခဲ့တာကလွဲရင် ပြယုဂ်ကိုလိုလေသေးမရှိထားခဲ့တာအမှန်။ ပြယုဂ်ကိုယ်တိုင်ကသာ ဖေဖေ့အမျိုးတွေကိုစိတ်ပျက်ပျက်နဲ့နေချင်သလိုနေခဲ့တာ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကအရင်လျှော့ခဲ့သင့်တယ်မလား။

အခုလောလောဆယ်တော့ ဦးငယ်တို့ရဲ့ပြဿနာကိုဝိုင်းဖြေရှင်းပေးချင်ပါသေးသည်။

"အရမ်းစိတ်မညစ်ပါနဲ့ ဒီအကြောင်းတွေမောင်အေမီ့ကိုပြောပြတယ်ဆိုတာဝမ်းနည်းစေချင်လို့မှမဟုတ်တာ တခြားအကြောင်းအရင်းကြောင့်..."

သူ့အပြောကြောင့်အေမီကမှိုင်းညှို့နေရာမှ မျက်ဝန်းတောက်တောက်လေးတွေနှင့်ကြည့်လာသည်။ ထိုသို့ချစ်စဖွယ်အမူအရာလေးကြောင့် ပြယုဂ်အသည်းယားကာအေမီ့ပါးလေးနှစ်ဖက်ကိုဖျစ်ညစ်လိုက်တော့၏။

"အား မောင်အသည်းယားလာပြီ အေမီလေးရယ်"

အိစက်နေတဲ့ပါးပြင်လေးနှစ်ဖက်ကဂျုံနယ်နေရသလို ပျော့ပျော့အိအိလေး။

"အွန့် မောင် လွှတ် ငါနာနေပြီ"

အားပါသွားတဲ့ပြယုဂ်ရဲ့အသည်းယားမှုကြောင့် အေမီကဝူးဝူးဝါးဝါး မပီမပြင်အသံလေးနဲ့ရုန်းကန်လာ၏။ လှုပ်စိလှုပ်စိနှုတ်ခမ်းပါးလေးကစတွေ့ကာစတုန်းကလို ပြယုဂ်ရဲ့စိတ်ကိုညို့ငင်နိုင်စွမ်းရှိနေဆဲပင်။ ဖြူသွယ်သွယ်လက်ချောင်းလေးတွေကပြယုဂ်ရဲ့လက်ဖျံကြီးကြီးပေါ်သို့ တဖျက်ဖျက်ရိုက်ကာလွှတ်ပေးရန်အချက်ပြလာတာကြောင့်ပြယုဂ်လည်းလွှတ်ပေးလိုက်တော့သည်။

Proof Of LoveWhere stories live. Discover now