Part-32

7.6K 516 82
                                    

(Unicode)

အရှေ့အရပ်မှထွက်ပေါ်လာသောနေမင်းကြီးသည် သူ၏တာဝန်အတိုင်းလောကတခွင်ကိုအလင်းဆောင်လျက်ရှိသည်။ မနက်ခင်းကျေးငှက်တို့၏သာယာသံကိုမကြားရသော်လည်း ရန်ကုန်မြို့ပြ၏ထုံးစံအတိုင်းကားသံ၊ဟွန်းတီးသံများဖြင့်ဆူညံနေလေပြီ။ထိုဆူညံသံများကိုဂရုမစိုက်နိုင်ဘဲ အေးချမ်းစွာအိပ်ပျော်နေနိုင်သည်မှာ ကောင်လေးတစ်ယောက်ဖြစ်သည်။

ယပ်တောင်သဖွယ်ကော့ညွှတ်နေသည့်မျက်တောင်လေးများသည် မျက်ဝန်းကြည်ကြည်လေးများကိုကွယ်ဝှက်ထားသည့်မျက်ခွံပေါ်တွင်တင်ယှက်နေသည်။ထို့အပြင် စိုရဲရဲပန်းသွေးရောင်နှုတ်ခမ်းလေးမှာလည်း ခပ်စူစူလေးဖြစ်လို့နေသည်။နေရောင်အနည်းငယ်ကျရောက်နေသောကြောင့် ထိုကောင်လေး၏အသားအရေသည်ဝင်းဝါလို့နေသည်မှာ မနက်ခင်းအလှတရားတစ်ခုဟုပင်တင်စားလို့ရနိုင်သည်။

အေမီအလွန်အိပ်မောကျလျက်ရှိနေသည်မှာ အိပ်မက်ပင်မက်လို့နေသည်။အိပ်မက်ထဲတွင်အမွှေးစုတ်ဖွားနှင့်ခွေးလေးတစ်ကောင်သည် အေမီ့ကိုလျှာနှင့်လိုက်လျက်နေသည်။စိုစွတ်စွတ်လျှာဖျား၏အထိအတွေ့ကြောင့် အေမီအသည်းယားကာထိုခွေးပေါက်လေး၏ခေါင်းကိုတွန်းထုတ်နေမိသည်။ထိုအခါ မနူးညံ့သလိုကြမ်းနေခြင်းလည်းမရှိသည့် အမွှေးအမျှင်တချို့၏အထိအတွေ့ကိုခံစားမိရ၏။အေမီတွန်းထုတ်နေသော်လည်း ဖယ်ခွာသွားခြင်းမရှိသည့်ထိုခွေးပေါက်သည် တရားလွန်စွာကိုက်ဆွဲလာပြန်၏။ခပ်ချွန်ချွန်သွား၏အထိအတွေ့နှင့်အတူ ရင်ဘတ်ဆီမှာနာကျင်မှုကြောင့်အေမီအိပ်မက်မှာနိုးထလာရတော့သည်။

"အာ့"

နာကျင်မှုကအိပ်မက်ဟုပင်မထင်ရလောက်အောင် အပြင်မှာတကယ်ဖြစ်နေသလို။သို့သော် ခဏကြာသည်အထိနာကျင်မှုကမပျောက်ကွယ်သွားဘဲ ရင်ဘတ်ဆီမှစိုစိစိအထိအတွေ့သည်လည်းခံစားနေရတုန်းပင်။

ဘာလဲ အိပ်မက်မက်နေတုန်းလား

အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေသေးတာကြောင့် အေမီကြိုးစားကာနိုးကြားအောင်ပြုလုပ်လိုက်သည်။မျက်လုံးတို့ကိုအတင်းဖွင့်ကာ နာကျင်နေသည့်ရင်ဘတ်ကိုကြည့်လိုက်သည့်အချိန်တွင် အေမီ့မျက်လုံးတို့ပြူးကျယ်သွားရသလို ညတည်းကအကင်းမသေသေးသည့် ဒေါသတွေသည်လည်းပြန်ထွက်လာရသည်။

Proof Of LoveWhere stories live. Discover now