Part-30

6.8K 547 65
                                    

(Unicode)

"ယမန်နေ့က တရားမဝင်လူကုန်ကူးမှုသာမကမူးယစ်ဆေးဝါးမှောင်ခိုရောင်းချမှု၊လက်နက်မှောင်ခိုသွင်းမှုတို့၏တရားခံဦးနှောင်းစစ်သည်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပဲခူးမြို့စွန်တွင်ဖမ်းဆီးခဲ့သည်"

တီဗွီမှာလာနေသည့်သတင်းကိုပြယုဂ်ကျေနပ်စွာကြည့်နေမိသည်။ဘေးတွင်ကိုသူရလည်းထိုင်နေ၏။သတင်းပြီးဆုံးသွားချိန်တွင်တော့ရီမုဖြင့်တီဗွီကိုပိတ်၍ ကိုသူရဘက်ကိုပြယုဂ်မျက်နှာမူလိုက်သည်။

"ဒီလူအနည်းဆုံးနှစ်၃၀လောက်ထောင်ကျသွားမှာ"

"အင်း ဟုတ်တယ် နေလင်းဆိုတဲ့ကောင်ဆီကရတဲ့သက်သေတွေကတော်တော်အထောက်အကူပြုခဲ့တာ ဒါတောင်ဒီကြားထဲဒီလူ့ကိုဖမ်းမိဖို့ရဲတွေတော်တော်ကြိုးစားလိုက်ရတာ"

ကိုသူရအပြောကိုပြယုဂ်ခေါင်းညိတ်အသိအမှတ်ပြုမိသည်။‌ တကယ်လည်းဦးနှောင်းစစ်သည်ကိုဖမ်းမိဖို့မလွယ်ကူခဲ့ပေ။ရဲတပ်ဖွဲ့အင်အားသာမက ဂိုဏ်းရဲ့အင်အားတချို့ပါပူးပေါင်းကူညီ၍ရှာဖွေခဲ့ရသည်။အချိန်တစ်လလောက်အကြာမှသာ ပဲခူးမြို့စွန်ဘက်တွင်ဖမ်းမိခဲ့ခြင်း။ဒီလူထောင်ကျသွားပြီဆိုရင် ဦးငယ်တို့ကိုလည်းထပ်ပြီးဒုက္ခပေးနိုင်မှာမဟုတ်တော့။

"ဒါဆိုနေလင်းကိုရော ကိုသူရဘယ်လိုရှင်းလိုက်လဲ"

"ဟက် ခြေထောက်တွေရိုက်ချိုးပြီးပြန်လွှတ်လိုက်တယ်"

တကယ်လည်းအဲ့လိုလုပ်သင့်ပါသည်။အသတ်သေသည်အထိမလုပ်ခဲ့တာကိုပဲ နေလင်းဆိုတဲ့ကောင်ကျေးဇူးတင်သင့်နေပြီ။ နေခဖြစ်ခဲ့သလိုပြန်လုပ်လိုက်ရတာက ဦးငယ်တို့အစားလက်စားချေပြီးသားဖြစ်သွားပြီပင်။ သို့သော် ပြယုဂ်ခေါင်းထဲသို့အတွေးတချို့ဝင်လာသည်။

"ဒီကောင့်မှာသမီးလေးတစ်ယောက်ရှိတယ်လို့ ကိုသူရပြောဖူးတယ်နော်"

"အင်း ဟုတ်တယ်လေ"

"သူ့သမီးအတွက်ထောက်ပံ့ငွေလေးပေးလိုက်ပါ ဘာပဲဖြစ်ဖြစ်ကလေးကအပြစ်မရှိဘူးမလား နေလင်းကလည်းအဲ့လိုအခြေအနေနဲ့ကလေးကိုသေချာရှာကျွေးနိုင်ဖို့်သေချာဘူး"

Proof Of LoveWhere stories live. Discover now