Part-22

7.1K 621 107
                                    

(Unicode)

"ပျော်ရွှင်စရာသီတင်းကျွတ်လေးဖြစ်ပါစေမောင့်အေမီ"

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မောင်ကြောင့် အေမီတဒင်္ဂဆွံ့အသွားသည်။ ဒီနေ့ကလပြည့်နေ့ဖြစ်ပေမဲ့ အေးဆေးအနားယူချင်တာကြောင့်အိမ်မှာပဲနေမည်ဟုအေမီဆုံးဖြတ်ထားခြင်း။အခုလိုမျိုးမောင်ရောက်ချလာမည်ဟုမထင်ခဲ့။

"မောင် ဘယ်လိုရောက်လာတာလဲ"

"အဲ့တာတွေနောက်မှမေးပါ မောင့်ကိုအရင်အထဲပေးဝင်ဦး"

"ငါမဝင်ခိုင်းရင်ရော မောင်ကမဝင်မှာကျနေတာပဲ"

"ဟောဗျာ မောင့်အချစ်ကလေးကငြိုငြင်နေတာလား"

"မဟုတ်ပါဘူးနော်"

နှုတ်လမ်းလေးစူကာပြောသည့် အေမီ့အပြောကြောင့် မောင်ကသွားစွယ်ဖြူဖြူလေးပေါ်လာအောင်ပြုံးပြကာ အေမီ့ဆံနွယ်တိုကပ်ကပ်လေးတွေကိုဆွဲဖွ၍ အိမ်ထဲဝင်လာသည်။လက်ထဲတွင်လည်းအထုတ်လေးတစ်ထုပ်ကိုကိုင်ထားသေး၏။

အခုမှသေချာကြည့်မိတယ်။မောင်ကတခြားနေ့တွေလိုမဟုတ်ဘဲ တစ်မူထူးခြားနေသည်။လည်ကတုံးအဖြူရောင်လေးကို အေမီကြိုက်တဲ့ခရမ်းရောင်ယောပဆိုးလေးနဲ့လိုက်ဖက်စွာဝတ်ဆင်ထား၏။ ကွက်တိကျနေတဲ့အင်္ကျီsizeကြောင့်မောင့်ရင်အုပ်ဖောင်းကြွကြွကြီးကအတိုင်းသား။လက်ရှည်ဝတ်ထားတာကြောင့်ပေါ်နေသောလက်ဖျံသည်သွေးကြောစိမ်းလေးတွေနဲ့မဟာဆန်လှသည်။ခြေဖမိုးလေးတွေမှာလည်း ရှင်းသန့်ကာအတိအပညှပ်ထားသောခြေသည်းလေးတွေနဲ့ မောင်ဟာတည်ကြည်ခန့်ညားသောယောင်္ကျားတစ်ယောက်ပုံစံဖြစ်နေ၏။ ခါတိုင်းဆို ရှုပ်အင်္ကျီနဲ့style pantsတွေပဲဝတ်နေကျဖြစ်တာကြောင့် ဒီနေ့မောင့်ဝတ်စားဆင်ယင်ပုံကအေမီ့ကိုတစ်မျိုးလေးဆွဲဆောင်နိုင်စွမ်းရှိသည်။

"မောင်ကအကြည့်မလွှဲနိုင်လောက်အောင်ပဲခန့်ညားနေတာလား"

ဘယ်လောက်တောင်ငေးနေမိလဲဆိုတာမောင့်အသံကြားမှသတိဝင်တော့သည်။သူခိုးလူမိသွားတာကြောင့်ရှက်ကိုးရှက်ကန်းနှင့် အကြည့်လွှဲကာ

"ဘာ..ဘာတွေပြောနေတာလဲ ငါမကြည့်ပါဘူး"

"အဟက်! ဟုတ်ပါပြီဗျာ အခုတော့အင်္ကျီသွားလဲတော့ မောင်တို့ဘုရားသွားကြမယ်"

Proof Of LoveWhere stories live. Discover now