Part-31

8.1K 556 186
                                    

(Unicode)

"ဟူးး"

ဘေးမှမောဟိုက်စွာသက်ပြင်းချလိုက်သံသည် ယွန်းမီနားထဲသို့ကန့်လန့်ဝင်လာသည်။စိတ်ထဲမှလည်း'သေနာကောင်'ဟုရေရွတ်မိလိုက်၏။နေ့လည်တည်းက လိုအပ်တာအားလုံးကိုစီစဥ်နေရသည်ကယွန်းမီဖြစ်ပေမဲ့ ပန်းစီးသွားရွေးရုံတင်လုပ်ရသည့်ပြယုဂ်ကသက်မောချနေသည်တဲ့။

"ငါမောဖို့လည်းထားပါဦးပြယုဂ်ရယ်... နေ့လည်တည်းကလက်စွပ်စီစဥ်ရ ဟိုတယ်ကိစ္စစီစဥ်ရ အပြင်အဆင်အတွက်စီစဥ်ရနဲ့ပင်ပန်းနေပြီ  မင်းမြတ်ကိုproposeလုပ်မှာနင်လားငါလားတောင်မသဲကွဲတော့ဘူး"

"အေမီကငါ့ကိုပဲချစ်တာ နင်proposeလုပ်ရင်လက်ခံမယ်ထင်နေတာလား နိုးထလိုက်တော့ညီမလေး"

ပြယုဂ်ကပြောလည်းပြောရင်း ယွန်းမီမျက်စိရှေ့တွင်လက်ဖျောက်တစ်ချက်ချက်လာတီးပြနေသည်။ယွန်းမီ ပြယုဂ်လက်ကိုအားပြင်းပြင်းပုတ်ထုတ်လိုက်ပြီး

"အပိုတွေပြောမနေနဲ့ နင်လိုအပ်တာတွေပြင်ဆင်ပြီးပြီလား"

"အင်း ရင်းနှီးတဲ့လူတွေပဲခေါ်ထားတယ် အဓိကကဦးငယ်တို့ပေါ့ ပြီးတော့နေခကိုဂီတာယူလာပေးဖို့ပါအကူအညီတောင်းထားတယ် ငါဂီတာဝယ်ဖို့အချိန်မရတော့လို့"

နေခဆိုမှ ယွန်းမီနေခနဲ့မတွေ့ဖြစ်တာအတော်ကြာပြီ။ဆေးရုံမှာလူနာတွေ့တစ်ခေါက်သွားတွေ့ပြီးတည်းက မတွေ့ဖြစ်တော့တာဖြစ်သည်။ နေခ၏ကျန်းမာရေးအခြေအနေကိုသိပေမဲ့ စိတ်မကောင်းဖြစ်ရုံကလွဲရင်သူမဘာမှမတတ်နိုင်ခဲ့။နေခသူ့မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေနေရတယ်ဆိုသော အသိနဲ့တင် သူမစိတ်အေးခဲ့ရတာဖြစ်သည်။

"နေခရောနေကောင်းရဲ့လား သူ့အဖေတွေကအသက်မငယ်တော့ဘူးဆိုတော့အနီးကပ်ပြုစုပေးမဲ့သူတစ်ယောက်တော့လိုမှာသေချာတယ်"

"ဟားဟားဟား နင်စိတ်ပူစရာတောင်မလိုဘူး"

ဟားတိုက်သလိုရယ်နေသည့်ပြယုဂ်ကိုယွန်းမီမျက်မှောင်ကြုတ်၍ကြည့်နေမိသည်။သူမပြောလိုက်သည့်စကားများထဲတွင် ရယ်စရာများပါနေလို့လား။တ‌ကယ်လည်း ဦးမင်းစေခနဲ့ဦးငယ်သွေးနောင်တို့သည် အသက်ကြီးနေပြီဖြစ်၍ နေခကိုကောင်းကောင်းပြုစုစောင့်ရှောက်ပေးနိုင်မည်မဟုတ်ပေ။ထို့ကြောင့် သိကျွမ်းနားလည်သည့်လူတစ်ယောက်ကတော့ နေခအနားမှာရှိနေသင့်ပါသည်။

Proof Of LoveWhere stories live. Discover now