Part-26

6.7K 599 41
                                    

(Unicode)

ကုတင်ထက်တွင်ထိုင်ရင်း ပြတင်းပေါက်အပြင်ကိုမျက်နှာသေနဲ့ငေးနေတဲ့သားကို ငယ်သွေးအခန်းတံခါးအပြင်ဘက်လေးကနေကြည့်နေမိသည်။ ငယ်သွေးတို့ဖြစ်ကြောင်းကုန်စင်ပြောပြပြီးသည့်တိုင်အောင် သားဘက်ကတော့တိတ်ဆိတ်နေဆဲပါ။သူ့ကျန်းမာရေးအခြေအနေသိပြီးနောက်မှာလည်း အပြုံးအရယ်မရှိတော့ပေ။အခုလည်းငယ်သွေးထိုအခန်းထဲဝင်ဖို့မဝံ့မရဲဖြစ်နေမိသည်။ သူ့ကိုတွေ့လို့သားပိုစိတ်ညစ်သွားမှာစိုးရိမ်မိပါသည်။ တော်သေးသည်ကသားသူငယ်ချင်းအေမီကသားဘေးမှာစောင့်နေပေးလို့သာပေါ့။အခုရက်ပိုင်းAlexကလည်းသူ့ကိစ္စနဲ့သူအလုပ်ရှုပ်နေရတယ်မလား။

ထို့နောက် ငယ်သွေး၏နားထဲ သားကိုခွဲစိတ်ပေးတဲ့ဆရာဝန်လေးပြောသည့်စကားများကို ပြန်လည်ကြားယောင်လာမိသည်။

"ကျည်ဆံကကျောရိုးကိုထိသွားတာပါ ဒါပေမဲ့ကျောရိုးကိုထိတိုင်းလည်းခုလိုမျိုးဖြစ်လားဆိုတော့မဖြစ်ဘူးဗျ Spinal Cord T12 levelကိုထိမှအောက်ပိုင်းသေတဲ့caseမျိုးဖြစ်နိုင်တာပါ ကံမကောင်းစွာနဲ့ပဲလူနာကအဲ့levelကိုထိသွားပါတယ် ဒါကိုParaplegiaလို့လဲခေါ်တယ်ဗျ"

ထိုစကားကိုကြားတဲ့အချိန်မှာငယ်သွေးရောကိုကိုပါတုန်လှုပ်ခဲ့ရသည်။ သူတို့ရဲ့အသုံးမကျမှုတွေကြောင့်သားလေးကခုလိုမျိုးဖြစ်ခဲ့ရပြီမလား။

*ပါးပါးတို့ကိုခွင့်လွှတ်နိုင်ပါ့မလား သားရယ်*

မင်းစေခ ငယ့်ကိုအတန်ငယ်ပြုံးပြကာအေးစက်နေတဲ့ငယ့်လက်ကို အားပေးသလိုလေးဖျစ်ညစ်လိုက်သည်။ မင်းစေခကိုယ်တိုင်လည်းတော်တော်တုန်လှုပ်နေမိပါသည်။ ဒါပေမဲ့ သူကအရင်ပြိုလဲပြနေရင်သူ့ကိုအားကိုရမဲ့ငယ်ကရော ဘယ်ခံနိုင်ရည်ရှိပါ့မလဲ။ထို့နောက် ဒေါက်တာဘက်မျက်နှာပြန်လှည့်၍

"ဒါဆိုကုသဖို့ကရော ဒေါက်တာ"

"ကုသရင်တော့ပျောက်ကင်းနိုင်ပါတယ် ဒါပေမဲ့အချိန်တော့တော်တော်ယူရလိမ့်မယ်ခင်ဗျ စိတ်မပူပါနဲ့ ကျွန်တော်တို့ဘက်ကအကောင်းဆုံးကြိုးစားပေးမှာပါ Paraplegiaကကုသလို့မရတဲ့ရောဂါမဟုတ်ပါဘူး"

Proof Of LoveWhere stories live. Discover now