Part-19

7.3K 638 91
                                    

(Unicode)

"အားးး ကျွတ် ကျွတ်"

အိပ်ယာနိုးနိုးချင်းတူဖြင့်ထုခံထားရသလိုကိုက်ခဲနေသည့်ခေါင်းကြောင့်နေခညည်းတွားမိသည်။ မနေ့ကတော်တော်သောက်မိသွားတယ်ထင်ရဲ့။ ခေါင်းကြည်အောင်အချိန်အနည်းငယ်ယူပြီးမှမျက်လုံးတို့ကိုသေချာဖွင့်ကြည့်မိသည်။

မြင်လိုက်ရတဲ့အခန်းအပြင်အဆင်ကြောင့်နေခမျက်မှောင်ကြုတ်မိ၏။

'သူဘယ်ကိုရောက်နေတာလဲ'

မနေ့ကအရင်နေ့တွေလိုပဲနေခစိတ်ညစ်ညစ်နဲ့အရက်တွေမတရားသောက်နေခဲ့မိတာ။အဲဒီ့နောက်ပိုင်း memoryတွေပြန်ခေါ်ပေမဲ့ဘာမှရေရေရာရာမမှတ်မိ။

သို့ပေမဲ့...ဝိုးတဝါးပြန်မြင်နေမိတဲ့အရာလေးတစ်ခုကတော့ အာရုံထဲဝိုးတဝါးပဲ။

'စံပယ်တင်မှဲ့လေး'

ဟုတ်တယ် ပန်းနုရောင်ပါးပြင်ပေါ်ကစံပယ်တင်မှဲ့ကလေးကလွဲရင်အရာရာဟာဗလာနတ္တိ။ခက်တာကအဲဒီ့လူဘယ်သူမှန်းတောင်မမှတ်တာပဲ။

အခန်းကိုဝေ့ဝဲကြည့်လိုက်တော့ဟိုတယ်ခန်းလိုလို နားနေခန်းလိုလိုနှင့်အနည်းငယ်သေသပ်သည့်အပြင်အဆင်ဖြင့်အခန်းတစ်ခုဖြစ်နေသည်။

ကျွီ!

"နိုးပါပြီလားဗျ"

တံခါးဖွင့်သံနှင့်အတူကြားလိုက်ရသည့်အသံကြောင့် နေခအကြည့်တို့တံခါးဝဆီရောက်သွားသောအခါ Waiterဝတ်စုံနှင့်ကောင်လေးတစ်ယောက်။ ဒါဆိုBarမှာပဲရှိသေးတာပေါ့။ ဒီBarကနာမည်ကြီးbarဖြစ်တာကြောင့်ကာစတန်မာတွေအတွက်သီးသန့်နားနေခန်းလို VIPခန်းလေးတွေငှားနိုင်သည်။ အဲ့တာထက်သူ့ကိုဒီအခန်းဆီဘယ်သူပို့ပေးတာလဲမေးရမည်။

"ကိုယ့်ကိုညကဘယ်သူအခန်းငှားပေးတာလဲ"

"ဗျာ ကျွန်တော်လည်းသေချာမသိပါဘူးဧည့်သည် အသားဖြူဖြူနဲ့အကိုတစ်ယောက်ပဲ ကျွန်တော်ကဧည့်သည်နဲ့အသိထင်နေတာ"

"အာ... အင်း ရပြီ ကျေးဇူးပဲ"

"ဟုတ်ကဲ့ ဒါကserviceပါခင်ဗျ"

အိပ်ယာဘေးကစားပွဲခုံပုလေးပေါ်သို့သံပုရာရည်ခွက်လေးချပေးကာထိုWaiterလေးလည်းထွက်သွားသည်။ ခပ်ချဥ်ချဥ်အရသာကခေါင်းကိုအနည်းငယ်တော့ကြည်လင်သွားစေတာအမှန်။ထို့နောက် အဝတ်အစားတို့ကိုအနည်းငယ်ပြန်ပြင်ကာဖုန်းယူ၍ထိုအခန်းထဲကထွက်လာခဲ့သည်။

Proof Of LoveWhere stories live. Discover now