Part-11

7.1K 649 51
                                    

(Unicode)

"ဟင်! မောင် ဘယ်ကိုသွားမလို့လဲ အိမ်ကရှေ့နားဆိုရောက်ပြီလေ"

Dateပြီးအပြန်အိမ်နားရောက်ခါနီးကျမှ တဖက်လမ်းကြားလေးထဲသို့ချိုးဝင်လိုက်တဲ့မောင်ကြောင့် အေမီမေးလိုက်သည်။ လမ်းလေးတွေကကျဥ်းကာ မီးရောင်လည်းခပ်ဖျော့ဖျော့သာရတာကြောင့် ပတ်ဝန်းကျင်ကအနည်းငယ်မှောင်နေ၏။

"မောင် နမ်းချင်လို့"

လမ်းကြားနံရံတစ်ခုတွင်အေမီ့ကိုကျောကပ်၍ ခွင့်တောင်းလာတဲ့မောင်။မောင်ကအမြဲတမ်းနမ်းချင်ပြီဆို အဲ့လိုခွင့်တောင်းတတ်ပါသည်။ ဒီနေရာမှာတော့မောင်ကအလိုက်မသိချက်ပါပဲ။ အဲ့လိုခွင့်တောင်းနေတော့သူကနမ်းပါနမ်းပါလို့ပြန်ပြောရမှာလား။

"ငါကမောင့်အပိုင်ပါ မောင်ခွင့်တောင်းစရာမလိုဘူး"

သူ့စကားအဆုံး ပြုံးရွှင်သွားတဲ့မောင့်မျက်နှာ။လိုက်လျောရခြင်းအတွက်ထိုအပြုံးလေးနဲ့တင်တန်ပါသည်လေ။ထို့နောက် ထိကပ်ခြင်းခံလိုက်ရတဲ့နှုတ်ခမ်းပါး။ မောင်ကမွတ်သိပ်စွာနမ်းနေသည်။ အေမီမောင့်ရဲ့လည်တိုင်ကိုသိုင်းဖက်ထားကာ အနမ်းတို့ကိုပြန်လည်တုန့်ပြန်နေမိ၏။ မောင်ကလည်းအေမီ့ရဲ့ခါးကိုတင်းကျပ်စွာဖက်တွယ်ထားသည်။

ပူးကပ်နေသည့်ခန္ဓာကိုယ်နှစ်ခုက ကြားလေတောင်တိုးဝင်၍မရနိုင်လောက်စွာ။

ပြယုဂ်အေမီ့နှုတ်ခမ်းလေးကိုမလွှတ်တမ်းစုပ်ယူနမ်းရှိုက်နေမိသည်။ အပေါ်တစ်လှည့်အောက်တစ်လှည့်နမ်းနေရုံသာမက လျှာအချင်းချင်းပါရစ်ပတ်လိုက်သည်။

အလိုက်တသိပါးစပ်လေးဟပေးလာပြီးတုန့်ပြန်နေတဲ့အေမီကြောင့် ပြယုဂ်စိတ်တို့အစိုးမရချင်တော့။

အေမီ့ပိန်သွယ်သွယ်ခါးလေးကိုပိုတိုးဖက်ကာ လွတ်ထွက်သွားတော့မည့်စိတ်ကိုပြန်ထိန်းချုပ်လိုက်ရသည်။ ဒီနေရာကြီးမှာတော့မဖြစ်ဘူးမလား။ နောက်ဆုံးစိတ်ကျေနပ်အောင်တပြွတ်ပြွတ်အသံထွက်သည်အထိ နမ်းပြီးမှသာအလွတ်ပေးလိုက်သည်။

မောဟိုက်နေတဲ့အေမီကပြယုဂ်ရဲ့ဘယ်ဘက်ရင်အုံပေါ်တွင်ခေါင်းလေးကိုမှီတင်ထားကာအမောဖြေနေသည်။ ပြယုဂ်ကတော့အေမီ့ကျောလေးကိုပွတ်ပေးလိုက်၊ခေါင်းလေးကိုငုံ့နမ်းလိုက်နှင့်အလုပ်ရှုပ်နေ၏။ ဘယ်နေရာနမ်းနမ်းအေမီကအရမ်းပဲနမ်းလို့ကောင်းပါသည်။

Proof Of LoveWhere stories live. Discover now