Part-18

7.5K 674 89
                                    

(Unicode)

နေခ၏ခေါ်ဆောင်ရာအတိုင်းအေမီကြောင်တောင်တောင်လေးပဲလိုက်လာရသည်။အေမီတို့ခြေလှမ်းတွေရပ်လိုက်တာနှင့်တပြိုင်နက်သီချင်းသံတွေရပ်တန့်သွားသလို  မီးတွေလည်းမှောင်သွားတာကြောင့် အေမီဆွံအပြီးရင်းဆွံအနေရသည်။ မီးတွေဘာတွေပျက်တာများလား။ မီးပျက်တယ်ဆိုရင်လည်းအေမီတို့ရပ်နေတဲ့နေရာလေးပဲလင်းနေတာကရော။ နေခကိုတစ်ချက်လှည့်ကြည့်လိုက်တော့လည်း တစ်ခုခုကိုစိတ်လှုပ်ရှားနေသည့်ဟန်။

ဘာဖြစ်မှန်းမသိတာကြောင့် အနီးနားတစ်ဝိုက်ကိုမျက်စိကစားကြည့်လိုက်သည်။မီးတွေပိတ်လိုက်တယ်ဆိုပေမဲ့ Slightမီးအကူအညီနှင့်နည်းနည်းတော့မြင်ရပါသေးသည်။

ထိုစဥ် အေမီ့အကြည့်တို့၏လားရာသည် တစ်နေရာအရောက် လူတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ

"မောင်!"

ဟုတ်ပါတယ် မောင်မှမောင်ပါ။အမှောင်ထဲမှာဆိုပေမဲ့အေမီသေချာပါတယ်။

မယူရာရောင်မျက်ဝန်း၊နှာတံချွန်ချွန်၊ ပိရိသေသပ်တဲ့နှုတ်ခမ်းပါး။ဒါတွေအားလုံးကမောင်နဲ့တစ်ထပ်တည်း။ တစ်ခုပဲ ထိုလူရဲ့ဆံပင်တွေကငွေဖြူရောင်တွေဖြစ်နေခဲ့တာ။

ဘေးမှာနေခတစ်ခုခုကိုပြောလိုက်ပေမဲ့ ဘာပြောလိုက်မှန်းအေမီမသိ။အခုချိန်မှာထိုလူကမောင်ဟုတ်၏မဟုတ်၏ဆိုတာသိရဖို့သာ အေမီစိတ်စောနေမိသည်။

ထို့ကြောင့် ရပ်နေရာကနေ ထိုလူရှိတဲ့အမှောင်ရိပ်ဘက်ကိုသွားရန်ပြင်လိုက်တော့...

"မြတ်...."

အေမီ့လက်ကိုလှမ်းဆွဲလာတဲ့နေခရဲ့လက်တစ်ဖက်။အေမီရုန်းကာလွှတ်ချလိုက်သည်။ အခုချိန်မှာ အေမီအတွက်အရေးကြီးဆုံးကမောင်ပဲ။အလင်းသိပ်မရှိတဲ့နေရာမှာ စမ်းတဝါးဝါးနှင့်ပင် အေမီမောင့်ကိုရှာနေမိ၏။

"မောင် မောင်ဟုတ်တယ်မလားဟင်"

"မောင် မင်းဘယ်မှာလဲ"

"အမ ဆံပင်ငွေရောင်နဲ့လူငယ်တစ်ယောက်ကိုတွေ့လိုက်မိသေးလားဟင်"

"ဘယ်ပျောက်သွားတာပါလိမ့် မောင်ရေ"

"အကို အရပ်ရှည်ရှည်၊ဆံပင်ငွေရောင်နဲ့ကောင်လေးကိုတွေ့လိုက်မိလားဗျ"

Proof Of LoveWhere stories live. Discover now