Part-33

6.1K 496 75
                                    

(Unicode)

"တောက်စ် ခွေးမသားတွေ"

အနည်းငယ်နာကျင်သွားသည့်ဇက်ကို လက်ဖြင့်ထိန်းကိုင်ရင်း ပြယုဂ်ဆဲရေးလိုက်သည်။သူတို့ရှေ့တွင်ကန့်လန့်ဖြတ်လာထိုးရပ်လိုက်သည့်ကားကြောင့် ပြယုဂ်အမြန်ဘရိတ်နင်းလိုက်ပေမဲ့ အရှိန်ကြောင့်ပြယုဂ်၏ကားခေါင်းပိုင်းနှင့်ထိုကောင်တွေ၏ကားကိုယ်ထည်ပိုင်းတို့တိုက်မိသွားရသည်။အရှိန်အရမ်းမများပေမဲ့ ဝုန်းခနဲမြည်သံကတော့ ပတ်ဝန်းကျင်တခွင် ကျယ်လောင်စွာထွက်ပေါ်လို့လာ၏။

"အာ့! ကျွတ်ကျွတ်"

ဘေးဘက်ဆီမှနာကျင်စွာရေရွတ်လိုက်သံနှင့်အတူ ခေါင်းကိုကိုင်ရင်းညည်းတွားနေသောကောင်လေးကြောင့် ပြယုဂ်စိုးရိမ်သွားရသည်။

"အေမီ အဆင်ပြေရဲ့လား"

"အင်း"

ထိုသို့တစ်လုံးတည်းပြော၍ ပြယုဂ်ဘက်လှည့်ကြည့်လာသည့်အချိန်တွင် မြင်လိုက်ရသည့်အရာတချို့ကြောင့် ပြယုဂ်အကင်းမသေသေးသည့်ဒေါသသည် မီးတောင်တစ်ခုလိုပေါက်ကွဲထွက်လာတော့သည်။နီရဲရဲချွဲပြစ်ပြစ်အရည်တချို့က အေမီ့နှာဖူးမှမေးစေ့သို့စီးကျနေသည်။ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်ပြယုဂ်သည် ရင်ဘတ်ကိုအစိမ်းလိုက်ခွဲခံလိုက်ရသလိုပင်နာကျင်ရပါသည်။

အရင်ဆုံးဒက်ရှ်ဘုတ်ပေါ်မှတစ်ရှူးယူ၍ အေမီ့ရဲ့နှာဖူးထက်ကသွေးတွေကိုသုတ်ပေးလိုက်သည်။နာကျင်နေဟန်ဖြင့်မျက်ခုံးတွေတွန့်ချိူးထားသောအေမီကြောင့် တစ်ရှူးကိုင်ထားသည့်ပြယုဂ်လက်တွေအနည်းငယ်တုန်ယင်လာရသည်။

"အေမီ ကားထဲမှာပဲခဏနေဦးနော် ခဏနေကိုသူရတို့ရောက်လာလိမ့်မယ်"

"မောင် ဘယ်..ဘယ်သွားမလို့လဲ"

"မောင့်ကိုစိတ်မပူနဲ့နော်"

အေမီ့ကိုစိတ်မပူစေဖို့ပြောကာ ကားကူရှင်အောက်ရှိဘေ့စ်ဘော့စ်တုတ်ကိုထုတ်လိုက်သည်။ထို့နောက် ဒေါသကြောင့်နီရဲနေသည့်မျက်နှာဖြင့်ကားပေါ်မှဆင်းလိုက်၏။

"သူတောင်းစားတွေ မင်းတို့သေပြီသာမှတ်"

ပြယုဂ်ဆင်းလာတာနဲ့ဟိုကောင်တွေလည်းဆင်းလာကြသည်။လူ၄ယောက်သစ်သား၊တုတ်လေးချောင်းကိုတစ်ယောက်တည်းရင်ဆိုင်ရမှာဖြစ်တာကြောင့် ပြယုဂ်လက်ထဲကဘေ့စ်ဘော့စ်တုတ်ကိုပိုမိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

Proof Of LoveWhere stories live. Discover now