Part-38

5.7K 482 71
                                    

(Unicode)

ကားအတွင်းလေထုကလွန်စွာအေးစက်နေသည်။ဖွင့်ထားသည့်Air-conထက် lover seatတွင်ထိုင်နေသောအေမီထုတ်လွှတ်နေသည့်အေးစက်မှုတို့က ပြယုဂ်ကိုပို၍ကြက်သီးထစေသည်။ငြိမ်သက်တိတ်ဆိတ်နေပုံနေမှာလူမဟုတ်ဘဲ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသည့်အလား။

သေချာတာကတော့ ခုနကမြင်ကွင်းကြောင့်အေမီစိတ်ဆိုးနေတာဖြစ်လောက်သည်။ထိုအဖြစ်အပျက်ကလည်းမတော်တဆပင်။အိရွှေစင်လည်း ဆောရီးပြောကာအေမီ့ကိုတောင်နှုတ်ဆက်ရင်းပြန်သွားသည်။ထိုအထိကတော့ဘာမှမဖြစ်သေးပေ။အိရွှေစင်ထွက်သွားတော့ အေမီရုံးခန်းထဲသို့ဝင်လာသည်။

"အေမီ မောင့်ဆီလာတာလား"

ဒုန်းး

"........."

စားပွဲပေါ်တွင်ငါးဆင့်ချိုင့်ကြီးကိုဆောင့်ချလိုက်တာကြောင့် ပြယုဂ်အံ့သြသလိုအေမီ့ကိုကြည့်မိသည်။အေမီ့လုပ်ရက်ကိုဘာမှမတုန့်ပြန်နိုင်သေးသလို အေမီကလည်းဘာတစ်ခွန်းမှဟမလာသေးပေ။

ထို့နောက် အေမီကချိုင့်ကိုတစ်ဆင့်ချင်းဖွင့်၍ စားပွဲပေါ်တွင်နေရာချသည်။လွှင့်ပျံ့လာသည့်ပုစွန်ဟင်းနံ့မွှေးမွှေးကြောင့်ပြယုဂ်ခေါင်းထောင်ကြည့်မိသွား၏။

"ထမင်းစားချိုင့်လာပို့တာ"

ပြယုဂ်ကိုမကြည့်ဘဲပြင်ဆင်နေရင်းမှပြောလိုက်သည့်စကား။ပြင်ဆင်ပြီးသောအခါတွင်တော့ အေမီကဆိုဖာတစ်ခုပေါ်သို့နောက်ကျောမှီကာ လက်ပိုက်၍ထိုင်နေတော့သည်။ခါတိုင်းအခုလိုမျိုးထမင်းချိုင့်လာမပို့ဖူးပေ။ဒီနေ့မှဘာစိတ်ကူးပေါက်လို့ပါလိမ့်။

ပြယုဂ် အေမီ့ရှေ့ရှိဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။စားပွဲပေါ်ကိုကြည့်လိုက်တော့ ထမင်းကနှစ်ချိုင့်။ဤသည်ကိုကြည့်ခြင်းဖြင့် အေမီလည်းပြယုဂ်နဲ့တူတူစားဖို့ ထမင်းပိုယူလာတာဖြစ်နိုင်လောက်သည်။သို့သော်  အေမီကဘာလို့မစားဘဲထိုင်နေရတာလဲ။

"အေမီရောမစားဘူးလား ထမင်းကနှစ်ချိုင့်လေ"

မနေနိုင်တော့ပြယုဂ်ဘက်ကပဲစမေးလိုက်သည်။ အခြေအနေတော့သိပ်မကောင်းပါ။အေမီဘာကိုအလိုမကျဖြစ်နေသည်လဲ။

Proof Of LoveWhere stories live. Discover now