Part-16

7.5K 683 48
                                    

(Unicode)

"Ice-coffeeတစ်ခွက်နဲ့Black coffeeတစ်ခွက်တဲ့ ကိုမင်းမြတ်"

လုပ်ဖော်ကိုင်ဖက်ကောင်လေးရဲ့အမှာအော်ဒါကြောင့် အေမီကော်ဖီစေ့တွေကြိတ်နေရာကနေ ကော်ဖီဖျော်ဖို့ပြင်ရသည်။အခုဆိုအေမီက Paradiseဆိုတဲ့coffee shopလေးမှာအလုပ်ဝင်လုပ်နေခဲ့ပြီ။ကျောင်းကိုတော့အဝေးသင်နဲ့ပဲပြီးထားပါသည်။

ဖွားကလွန်ခဲ့တဲ့၆လလောက်ကပဲဆုံးပါးသွားခဲ့၏။တစ်ဦးတည်းသောမိသားစုဝင်ဖြစ်သူဆုံးပါးသွားတာကြောင့် အေမီလွန်စွာကြေကွဲခဲ့ရသလို အားကိုးချင်မိသူကိုလည်းလွမ်းဆွတ်သည့်စိတ်ဖြင့်ချုံးချုံးကျခဲ့ရသေးသည်။

လောကအလယ်မှာအေမီမင်းမြတ်ဆိုတာ တစ်ကောင်ကြွက်လေးဖြစ်လို့နေခဲ့ပြီ။ထို့ကြောင့် အေမီလည်းယခင်နေတဲ့အိမ်လေးမှာမနေတော့ဘဲ တိတ်ဆိတ်သည့်ရပ်ကွက်လေးတစ်ခုမှာငှားနေဖြစ်သည်။

ဒီလိုနဲ့ဆိုင်ပိတ်ချိန်၈နာရီကိုရောက်လာ၏။ ဆိုင်တံခါးတွေဘာတွေပိတ်စရာရှိတာပိတ်ပြီး လိုင်းကားစီးရန် ကားဂိတ်သို့အသွား လမ်းမှာနေခနှင့်ဆုံလေသည်။

"မြတ် ငါမင်းကိုလာကြိုတာ"

နေခနဲ့အေမီ့ရဲ့အခြေအနေကတော့အရင်အတိုင်းသူငယ်ချင်းပါပဲ။ နေခဘက်ကအေမီ့ကိုလုံးဝလက်မလျှော့ဘူးပြောထားပေမဲ့ အေမီနေရခက်အောင်တော့မလုပ်ပါ။ အရင်ကဆက်ဆံသည့်အတိုင်းသာပုံမှန်ဆက်ဆံပေးသည်။

"မင်းကလည်း တကူးတကကြီး"

"တကူးတကမဟုတ်ပါဘူး လမ်းကြုံလို့"

နေခအပြောကြောင့်အေမီဆွံ့အသွားရသည်။နေခကတော့အေမီ့ကိုစလိုက်ရလို့ကျေနပ်သွားတဲ့ပုံနဲ့တဟားဟားကိုရယ်နေတော့တာ။နေခကစီးပွားရေးတက္ကသိုလ်မှာကျောင်းပြီးကာ အခုသူ့အဖေ၏BM companyမှာရာထူးကြီးကြီးရနေပြီဖြစ်သည်။

အေမီလည်းစီးပွားရေးကိုအမှတ်မှီပေမဲ့ အလုပ်ကတစ်ဖက် ကျောင်းကတစ်ဖက်နဲ့အဆင်မပြေတာကြောင့် အဝေးသင်သာတတ်လိုက်ရခြင်းဖြစ်သည်။ အခုတော့ coffeeဆိုင်လေးမှာဝင်လုပ်နေတယ်ပေါ့။ဖွားဆုံးသွားတော့အေမီတော်တော်လေးဒုက္ခရောက်ခဲ့တာ။ တစ်ယောက်တည်းရုန်းကန်ရပြီလေ။ နေခကတော့ သူကူညီမယ်ပြောပေမဲ့ အေမီလက်မခံဖြစ်။ကိုယ့်အားကိုယ်ကိုးချင်တာလည်းပါသလို နေခအကူအညီယူရမှာကိုစိတ်မဖြောင့်တာလည်းပါသည်။နောက်ဆုံးတော့ ခေါင်းမာသည့်အေမီ့ကြောင့် နေခဘက်ကပဲကူညီပေးမည့်အစီအစဥ်ကိုလက်လျှော့သွားတော့သည်။

Proof Of LoveWhere stories live. Discover now