[Unicode]
" ဆယ်ဟွန်း .. ဘာလုပ်နေတာလဲ "
ဂျုံအင်ရဲ့ခေါ်သံကြောင့် ဆယ်ဟွန်းအလန့်တကြား စာအုပ်ကိုပိတ်လိုက်မိသည်။ခဲတံနဲ့ဟိုခြစ်၊ဒီခြစ်လုပ်ထားတာတွေကို ဂျုံအင်ကိုပေးမသိချင်ပါ။
" ဘာမှမလုပ်ဘူး .. ဂျုံအင်ရော အိမ်စာပြီးပြီလား "
" အင်း .. သွားစို့ "
ဒီနေ့ ချန်းမင်ကျောင်းမလာတာမို့ ဂျုံအင်နဲ့ဆယ်ဟွန်း နှစ်ယောက်တည်း။ဂျုံအင်နဲ့တဖြည်းဖြည်းရင်းနှီးလာတယ်လို့ခံစားမိပေမယ့် တကယ်တော့ပုံမှန်သာ။ဂျုံအင်က လူတိုင်းကိုတန်းတူပဲဆက်ဆံတာဖြစ်သည်။သို့ပေမယ့် ဆယ်ဟွန်းကတော့ ဆယ်ဟွန်းကိုပိုခင်စေချင်တာ။ဂျုံအင်က ဆယ်ဟွန်းလိုစကားနည်းတာမဟုတ်။တမင်မပြောတာ။ချန်းမင်နဲ့ တစ်ခါတစ်လေ စကားအများကြီးပြောနေတတ်သည်။
" ဆယ်ဟွန်း "
" ဗျာ "
" မင်း ကျောင်းပြီးရင် ဘာလုပ်မှာလဲ "
" တက္ကသိုလ်ဆက်တက်မယ်လေ "
" ဘာတက္ကသိုလ်လဲ ဖြစ်ချင်တာရှိလား "
" ဟင့်အင်း မရှိဘူး .. အိမ်ကအလုပ်တွေပဲဦးစီးရမှာဆိုတော့ စီးပွားရေးပဲလုပ်ရမယ်ထင်တယ် "
ဆယ်ဟွန်းအဖြေကို ဂျုံအင်က ခေါင်းတဆက်ဆက်ညိတ်သည်။မျက်နှာလေးကိုကြည့်ရတာတော့ စဥ်းစားနေပုံပင်။ကောင်းတယ်၊မကောင်းဘူး ဘာမှလည်းပြောမလာ။
" ဂျုံအင်ရော "
" ငါလည်းမရှိဘူး .. အဟီး "
သွားလေးတွေပေါ်အောင်ရယ်ပြလာတာမို့ ဆယ်ဟွန်းငေးကနည်းဖြစ်သွားသည်။ကျောင်းဖွင့်တာ ၁လလောက်ရှိနေပြီပေမယ့် ဂျုံအင်အပြုံးတွေကမြင်ရခဲသည်။ဆယ်ဟွန်းက ဂျုံအင်ရဲ့ မျက်နှာလေး၊လက်ချောင်းလေးတွေ၊လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ ဖြူလွလွခြေချောင်းလေးတွေအထိ သဘောကျသည်။ကြည့်ကောင်းတဲ့အပြုံးလေးကိုရော သဘောကျသည်။ဆယ်ဟွန်းမှာ ဂျုံအင်ပိုင်ဆိုင်တဲ့အရာတွေမရှိလို့ အားကျပြီးသဘောကျတာမျိုးထင်ပါသည်။
" ဟင်းလည်းမကောင်းဘူး "
" ဂျုံအင်က ငါးမကြိုက်ဘူးလား "
YOU ARE READING
FRI•END
FanfictionBeing in love with your best friend is problematic SEHUN X JONGIN #SEKAI #UzumakiHaruto