Finale

1K 113 29
                                    

[Unicode]

" မောင့်လက်ကိုတွဲမလား "

" ဟင့်အင်း "

လက်ကမ်းပေးလာတဲ့ ဆယ်ဟွန်းကို ငြင်းရင်း ဂျုံအင် ခဏရပ်ကာ အမောဖြေနေလိုက်သည်။ဆယ်ဟွန်းကတော့ အားကစားလိုက်စားတဲ့သူမှန်း သိသာစွာဖြင့် တောင်တက်ရခြင်းကို ဘယ်လိုမှမနေ။

" ရေသောက်ဦးမလား .. မောင်တို့ခဏနားကြမယ်လေ "

" အင်း "

ဟန်မဆောင်နိုင်စွာ အနားက အုတ်ခုံလေးမှာဝင်ထိုင်လိုက်တော့သည်။ဆောင်းဦးရာသီမို့ အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေပေမယ့် ဂျုံအင်ကတော့ ပူအိုက်နေသည်။

" သည်းငယ်လေး ဒီကြည့် "

ဆယ်ဟွန်းရဲ့ကင်မရာထဲမှာ ကြည့်ကောင်းဖို့လည်း ဂျုံအင်စိတ်မပါနိုင်တော့။အခုချိန်မှာ ပစ်လှဲအိပ်ပစ်ချင်တာပဲသိသည်။အသက်ကိုမှန်မှန်ရှူရင်း ရှူ့ခင်းတွေကို ဓာတ်ပုံရိုက်ယူနေတဲ့ ဆယ်ဟွန်းကိုကြည့်ပြီး အမောဖြေနေလိုက်သည်။အရောင်ပြောင်းနေတဲ့ မေပယ်လ်ရွက်လေးတွေက လေအဝေ့မှာ တဖွဲဖွဲကြွေကျနေကြသည်။

" မောင့်ကြောင့် ပင်ပန်းနေပြီလား "

" ဟင့်အင်း "

အနားမှာ သူသူငါငါသွားလာနေတဲ့သူတွေရှိနေတာမို့ ဆယ်ဟွန်းက ဂျုံအင်လက်ကိုသာ ဆုပ်ကိုင်လာသည်။ဂျုံအင် ခေါင်းခါပြရင်း ဆယ်ဟွန်းလက်ထဲက တဘတ်ကိုယူကာ ချွေးသုတ်လိုက်သည်။

" ငါတို့ အပေါ်ကို စောစောရောက်ရမှာမလား "

" နောက်ကျမှရောက်တော့လည်း ဘာဖြစ်လဲ .. ဘာမှမဖြစ်ဘူး သည်းငယ်လေးစိတ်ပျော်ဖို့က အဓိက "

" အင်း "

" လာ .. မောင့်လက်ကိုတွဲ "

ဒီတစ်ခါတော့ မငြင်းဘဲ ဆယ်ဟွန်းလက်ကိုလှမ်းဆွဲလိုက်သည်။အေးစက်စက်လက်ကလေးက ခုချိန်မှာ ရင်ထဲထိ အေးချမ်းမှုကိုပေးသည်။

" သည်းငယ်လေးပစ္စည်းတွေ မောင် သယ်ပေးရမလား "

" မင်းမှာ ဘယ်လက်ကလွတ်နေသေးလို့ ကူသယ်ပေးချင်နေတာလဲ "

ဂျုံအင်ကျောပေါ်က လွယ်အိတ်နဲ့ တခြားလက်တစ်ဖက်ကအကင်စက်ကို လှမ်းကြည့်ရင်း မေးတာမို့မကျေမနပ်ပြန်ပြောရင်း ဆယ်ဟွန်းလက်ကို မလွှတ်တမ်းကိုင်ထားမိသည်။ဆယ်ဟွန်းရဲ့လက်တစ်ဖက်မှာ tent ထိုးဖို့အတွက် လိုအပ်တာတွေ သယ်ထားပြီး နောက်တစ်ဖက်က ဂျုံအင်နှင့်လက်ချင်းတွဲထားတာတောင် ဂျုံအင်ကို ကူသယ်ပေးချင်နေသေးသည်။

FRI•ENDDonde viven las historias. Descúbrelo ahora