13

456 103 42
                                    

[Unicode]

" ဆယ်ဟွန်း ငေးလှချည်လား "

အနောက်တန်းမှာထိုင်တဲ့ သူငယ်ချင်းတစ်ယောက်က လှမ်းစသည်မို့ ဆယ်ဟွန်း ဂျုံအင်ကို ကြည့်နေရာမှ အကြည့်လွှဲလိုက်တော့သည်။ချန်းမင်ကလည်း ငါသိတယ်နော် ဟူသောအကြည့်မျိုးဖြင့် လှည့်ကြည့်လာသည်။

" ဂျုံအင်ကို ကြည့်နေတာလား "

" မဟုတ်ပါဘူး "

ချန်းမင်ရဲ့အမေးကို အလန့်တကြားပြန်ငြင်းလိုက်သည်။ဒီကောင်တွေ ဘာလို့အရောက်ပို့နေကြတာလဲ။

" အဲ့တာဆို ဆယ်နာ့ကို ကြည့်နေတာပဲ "

ချန်းမင်က တွေးစစပြောလာတော့ ဆယ်နာ့အပြင် ဂျုံအင်ကပါ ဆယ်ဟွန်းကို လှည့်ကြည့်လာသည်။

" မဟုတ်ပါဘူးဆို မင်းကလည်း "

ဆယ်ဟွန်း အမြန်ငြင်းလိုက်မှပဲ အရှေ့ပြန်လှည့်သွားကြတော့သည်။သူငယ်ချင်းတွေ သိထားတာ အဲ့တာမကောင်းတာပဲ။အမြဲစနောက်နေကြတာ။ဆယ်ဟွန်း ရှက်လွန်းလို့ မျက်နှာဘယ်ထားရမှန်းမသိ။ချန်းမင်ကတော့ ကြိတ်ရယ်နေလေသည်။သူတို့ကြောင့် ဆယ်ဟွန်းမှာ အရင်လို ဂျုံအင်ကို ငေးကြည့်ခွင့်တောင်မရတော့ပါ။

စာအုပ်ထုတ်ပြီး စာကြည့်နေလိုက်ပေမယ့် ခေါင်းကတော့ ဂျုံအင်ရှိရာဘက်ကို မကြာခဏဆိုသလို မော့ကြည့်ဖြစ်သည်။ဂျုံအင်က ဆယ်နာရဲ့ထိုင်ခုံခြေထောက်ကို လှမ်းကန်ပြီး စကားပြောနေတာကို ဆယ်ဟွန်း နားစွင့်ပေမယ့် သေချာမကြားရ။

" ငါ့မွေးနေ့လား .. နင် ငါနဲ့ပေါင်းလာတာ ငါမွေးကတည်းကကို ခုချိန်ထိမမှတ်မိဘူးလား "

" နင်ကလည်း ငါမှရက်စွဲတွေမမှတ်မိတတ်တာ "

" လျှောက်ပြောနေတယ် အရေးမပါလို့ မမှတ်ထားတာမလား "

ဆယ်နာ့ရဲ့မွေးနေ့ကို မေးနေသံကြားတော့ ဆယ်ဟွန်းနှုတ်ခမ်းတို့ပြုံးသွားတာထိန်းမရ။ဂျုံအင်နဲ့ဆယ်ဟွန်းရဲ့မွေးနေ့က ၈၈ရက်တိတိကွာတာကို ဂျုံအင်တကယ်မသိဘူးပဲ။

" ချန်းမင်မွေးနေ့ရော သိလား "

" အဲ .. ၂လပိုင်းထဲလား "

FRI•ENDWo Geschichten leben. Entdecke jetzt