12

489 102 30
                                    

[Unicode]

" အချိန်တွေက မြန်လိုက်တာနော် .. ငါတို့တောင် အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ ငါ ကျောင်းပြောင်းလာတာ မနေ့တနေ့ကလိုပဲ "

" မမြန်ပါဘူး "

ချယ်ရီပန်းတွေ ဖြန့်ခင်းထားတဲ့ လမ်းလေးထဲ လမ်းလျှောက်ရင်း ဂျုံအင်ကို ပြောလိုက်တော့ ချက်ချင်းပြန်ပြောလာတဲ့ စကားလေးက ရိုက်ချင်စရာ။သို့ပေမယ့်လည်း မရိုက်ရက်ပါဘူး။

" မင်းနဲ့ အတူရှိနေတာ ၁နှစ်ကျော်သွားပြီ "

" မွေးနေ့လက်ဆောင် ဘာလိုချင်လဲ "

ဆယ်ဟွန်းဘက်ကို ခေါင်းငဲ့ကြည့်ကာ ပြောလာတော့ ငေးကနည်းဖြစ်ရသူက ဆယ်ဟွန်းပင်။လူတွေအများကြီး သွားလာနေကြပေမယ့် ဆယ်ဟွန်း မျက်လုံးထဲမှာ ဂျုံအင်တစ်ယောက်တည်းကိုပဲမြင်သည်။ကြွေကျလာတဲ့ ချယ်ရီပန်းတစ်ပွင့်က ဂျုံအင်ဆံပင်နုနုထက်မှာ နားခိုနေတော့ ဂျုံအင် အနားကို တိုးကပ်ကာ လေနဲ့ မှုတ်ထုတ်ပေးလိုက်သည်။ဆယ်ဟွန်းက ဂျုံအင်ထက် ၁လက်မနီးနီး အရပ်ပိုရှည်တာမို့ ခြေဖျားလေးထောက်လိုက်ရုံဖြင့် နဖူးပြင်ပြေပြေကို ကြင်နာလို့ရသည်။

" မင်းကို "

လပိုင်းကြာအောင် ဆန်းစစ်ခဲ့ရတဲ့ ခံစားချက်တွေကို ဆယ်ဟွန်းဖွင့်ပြချင်ပေမယ့် အဆင်မပြေသေး။စနောက်ပြီး ပြောလိုက်တဲ့စကားမဟုတ်ပေမယ့် ဂျုံအင်ကတော့ ရယ်လေသည်။

" ငါ့ကို လိုချင်ရင်တော့ မေမေ့ဆီမှာ လာတောင်းမှပဲရလိမ့်မယ် .. စမနေဘဲ လိုချင်တာပြော "

" လိုချင်တာ မရှိဘူး "

" ဒီနေ့မှ မပြောရင် မွေးနေ့ရက်ကျော်သွားလည်းမပေးတော့ဘူးနော် "

" စဥ်းစားလိုက်ဦးမယ် "

ပစ္စည်းဥစ္စာမဟုတ်ဘဲ ဂျုံအင်ဆီက လေးနက်မည့်အရာတစ်ခုကို တောင်းယူရမည်။ချယ်ရီပန်းတွေကို လက်နဲ့ဖမ်းယူကာ ဆော့ကစားနေတဲ့ ဂျုံအင်ကိုပဲ ထပ်ပြီးကြည့်မိပြန်ပါသည်။ကျောင်းပိတ်ရက်မို့ ဂျုံအင်ကို မရရအောင် ခေါ်ပြီး ချယ်ရီပန်းပွဲတော်ကိုလာခဲ့တာဖြစ်သည်။

ရုတ်တရက် ဆယ်ဟွန်းကို မပေးခဲ့တဲ့ ကတိအကြောင်းကို သတိရမိသည်။ဂျုံအင်ပြောတဲ့ ကတိတွေက မတည်ခဲ့ရင် နာကျင်စရာကောင်းတယ်ဆိုတဲ့ အတွေးတွေကို ချေဖျက်ပေးချင်သည်။ဘယ်သူတွေ ထားခဲ့ခဲ့ ဆယ်ဟွန်းကတော့ ဘေးမှာ ရှိနေမယ့်အကြောင်း ဂျုံအင်ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြချင်သည်။

FRI•ENDOù les histoires vivent. Découvrez maintenant