5

515 111 21
                                    

[Unicode]

" ငိုမနေစမ်းပါနဲ့ .. နားငြီးတယ် "

ဂျုံအင် တစ်ရှူးဘူးကို ဆယ်နာရှိရာဘက် လှမ်းပစ်ပေးရင်းအော်လိုက်သည်။အရှေ့မှာဖွင့်ထားတဲ့ TVကို လှမ်းပိတ်ပြီးသည့်တိုင် ဆယ်နာက ငိုနေဆဲ။

" ဇာတ်ကားပဲဟာ .. ဘာလို့ငိုနေတာလဲ "

" ဒါတွေ နင်ခံစားဖူးမှ နားလည်လိမ့်မယ် "

" သေသွားတာလည်းမဟုတ်ဘဲနဲ့ .. တစ်နိုင်ငံဆီဝေးသွားတာပဲဟာ ငါတို့မသိလိုက်တဲ့နေရာမှာ ပြန်ဆုံချင် ဆုံနေမှာပေါ့ "

" မဆုံတော့ဘူးလေ .. တစ်သက်လုံးဝေးသွားပြီ "

နှာချေးညှစ်ပြီး တစ်ရှူးကိုပစ်ထုတ်လိုက်တာမို့ ဂျုံအင် နှာခေါင်းရှုံ့လိုက်မိသည်။ညစ်ပတ်လိုက်တာ။အဖော်မရှိလို့ ဇာတ်ကားအတူလာကြည့်ပေးရသည်။စိတ်​ကျေနပ်အောင်လည်း နှစ်သိမ့်ပေးရသေးသည်။မုန့်လေးနှင့်တောင် ဧည့်မခံ။နာရီကြည့်တော့ ည၉နာရီထိုးလုနေပြီမို့ အိမ်ပြန်ဖို့ထရပ်လိုက်တော့သည်။

" နေဦး "

" ဘာလဲ "

" ဆယ်ဟွန်းက ငါ့အကြောင်းပြောသေးလား "

" မပြောပါဘူး "

" ဟင်း .. ပြီးတာပဲ "

" နင် အတည်ကြီးလား "

ဟင်းကနည်း သက်ပြင်းချပြီးရှိုက်လိုက်တာမို့ ဂျုံအင်မေးလိုက်မိသည်။ဂျုံအင်သိတဲ့ ဆယ်နာက အလေးအနက်တော့ သိပ်မရှိ။ကောင်လေးတွေလည်း တစ်ယောက်ပြီးတစ်ယောက်တွဲနေတာဖြစ်သည်။

" ဟင့်အင်း .. "

" အဲ့တာများ ငါလုပ်လိုက်ရ "

အနားရှိနေတဲ့ ခေါင်းအုံးနဲ့ လှမ်းပစ်လိုက်တော့ ချက်ချင်းရယ်ပြလာတော့သည်။ဒီလိုလေးပဲ ကောင်းပါတယ်။အတည်ကြီးသာဆိုရင် ဆယ်နာ အသည်းကွဲနေဦးမည်။ဆယ်ဟွန်းကလည်း တခြားတစ်ယောက်ကိုသဘောကျနေတာဆိုတော့ အဆင်ပြေသွားသည်။

" ငါပြန်ပြီ "

" လိုက်ပို့ရဦးမလား "

" ကားနဲ့လိုက်ပို့မလို့လား "

" နင်ကလည်း စကားအကောင်းကိုပြောလို့မရဘူး "

ဆယ်နာ့အဖေနဲ့အမေကို နှုတ်ဆက်ပြီး ခြံဝင်းထဲကထွက်သည်အထိ ဆယ်နာက အနောက်ကနေ ပါလာလေသည်။ညဝတ်ဂါဝန်ပန်းရောင်ကို လက်ရှည်အဝါနုရောင်အပါးလေး ထပ်ဝတ်ထားတဲ့ ဆယ်နာက လှသည်ဆိုတာထက်ပိုပါသည်။ယောက်ျားလေးတိုင်း သဘောကျချင်စရာ မျက်နှာပေါက်မျိုးကိုပိုင်ဆိုင်ထားသည်။ဂျုံအင်ရဲ့ပုခုံးလောက်ရှိနေတဲ့ အရပ်ကလည်းအနေတော်။

FRI•ENDTempat cerita menjadi hidup. Temukan sekarang