11

478 103 42
                                    

[Unicode]

ကျယ်ဝန်းတဲ့ ဧည့််ခန်းထဲက ပန်းချီကားကြီးတွေကို ငေးကြည့်နေမိပေမယ့် ဆယ်ဟွန်းကို ရင်ဆိုင်ဖို့တွန့်ဆုတ်နေတဲ့ စိတ်တွေကတော့ပျောက်မသွားပေ။ဒီနေ့ အခန်းသန့်ရှင်းရေး လုပ်ရတာမို့ ခါတိုင်းထက် ကျူရှင်နောက်ကျနေသည်။နောက်ကျလက်စနှင့် ဆယ်ဟွန်းဆီကို ဝင်ဖြစ်အောင် ဝင်လိုက်တော့သည်။

ကျောင်းပြန်တိုင်း မော့ကြည့်မိတဲ့ ဆယ်ဟွန်းအခန်းရဲ့ ဝရန်တာလေးက ခါတိုင်းလို တံခါးဖွင့်မထားတာမို့ ဂျုံအင် ဘာကြောင့်မှန်းမသိ စိတ်ထဲနေလို့မကောင်းပေ။

" ဂျုံ အင် "

အသံတိုးတိုးလေးက တုန်ယင်လှိုက်မောမှုတွေကြားကနေ ထွက်လာသည်။ဂျုံအင် ချက်ချင်းလှည့်ကြည့်လိုက်တော့ ဆယ်ဟွန်းက ဂျုံအင်ရဲ့ အနီးဆုံးမှာ။တခဏအတွင်း ပွေ့ဖက်ခံလိုက်ရခြင်းနှင့်အတူ ပူနွေးတဲ့ ခန္ဓာကိုယ်အထိအတွေ့ကို ခံစားရသည်။

" ငါ မင်းကို တောင်းပန်ပါတယ်နော် ကျေးဇူးပြုပြီး .. နောက်ထပ် စိတ်ပျက်တယ်ဆိုတဲ့ စကားကိုမပြောပါနဲ့ "

ဂျုံအင်ရဲ့ ပုခုံးနားတစ်ဝိုက် စိုစွတ်သွားချိန် ဆယ်ဟွန်းကို ပြန်ပြီးဖက်လိုက်မိသည်။မျက်တောင်ခတ်မိတော့ ပါးပေါ်စီးကျသွားတဲ့မျက်ရည်တွေကို မမြင်စေချင်တာမို့ ချက်ချင်းပွတ်သုတ်လိုက်သည်။

" ငါ မင်းပျော်နေတာလေးကိုပဲ တွေ့ချင်မိလို့ မစဥ်းစားဘဲ လုပ်ခဲ့မိတာ .. ငါတောင်းပန်ပါတယ် .. ဒီစကားပဲ ပြောနေမိလို့ ထပ်တောင်းပန်ပါတယ် "

ကလေးလို အော်ငိုနေတဲ့ ဆယ်ဟွန်းကြောင့် ဂျုံအင်မှာ ဘယ်လိုနှစ်သိမ့်ရမှန်းပင် မသိတော့။သို့ပေမယ့် ဒီအခြေအနေကြီးက အဆင်မပြေသလို ခံစားရတာမို့ ဆယ်ဟွန်းဖက်တွယ်ထားတဲ့ လက်တွေကြားကနေ ရုန်းရတော့သည်။ပြီးမှ ထိုင်ခုံမှာ ထိုင်လိုက်သည်။

" တော်တော့ .. ကလေးလို ငိုမနေနဲ့တော့ "

ဆယ်ဟွန်းရဲ့ ရွှဲနစ်နေတဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ချော့ရသည်။အဖျားသွေးကြောင့် မျက်နှာလေးက နီနေတာကို ငိုလိုက်တော့ ပိုဆိုးသွားတော့သည်။

FRI•ENDWo Geschichten leben. Entdecke jetzt