2

655 121 21
                                    

[Unicode]

" သား သွားပြီနော် "

" အင်း ကြိုးစားခဲ့ "

အိမ်ကလိုက်ပို့တဲ့ ကားပေါ်ကဆင်းလိုက်တာနှင့် တင်းကြပ်နေတဲ့စိတ်တွေအနည်းငယ်ပြေလျော့သွားသလိုခံစားလိုက်ရသည်။ကျောင်းတံခါးနဲ့ ကျောင်းဆောင်က အနည်းငယ်လှမ်းသည်မို့ လမ်းလျှောက်နေရင်း ဆယ်ဟွန်းနှင့်တွေ့သည်။ဖြည်းဖြည်းချင်း တရွေ့ရွေ့လျှောက်နေပုံက ကြည့်တာနှင့် အထီးကျန်မှန်းသိသာသည်။

" ဆယ်ဟွန်း "

သူခေါ်တော့ ချက်ချင်းလှည့်ကြည့်လာသည်။ဂျုံအင်ကို ရပ်စောင့်ပေးနေတာမို့ ခြေလှမ်းတွေကိုအားစိုက်လိုက်သည်။ဆယ်ဟွန်းနဲ့ အတူယှဥ်လျှောက်တော့ ဆယ်ဟွန်းက သူ့ကိုစကားစပြောလာသည်။

" ဒီနေ့ နောက်ကျတယ်နော် "

" အင်း မင်းရောပဲ "

ခါတိုင်းဆို ဂျုံအင်နှင့်ဆယ်ဟွန်းကအမြဲအစောဆုံးရောက်တတ်တာ။ဒီနေ့တော့ ဟိုဟိုဒီဒီ သွားလာနေတဲ့ ကျောင်းသူ၊ကျောင်းသားတွေပင် အတော်များနေပြီ။

" ဂျုံအင် "

" အင်း ဘာလဲ "

" ဟိုလေ "

" အင်း "

ဆယ်ဟွန်းပုံစံက အမြဲသီးသန့်ဆန်ပြီး စကားပြောဖို့ဝန်လေးတတ်တာမို့ ဂျုံအင်ကပဲ စကားထွက်ကျလာအောင် ထောက်ပေးလိုက်သည်။

" ကျွန်တော့်ကို စာရှင်းပြပေးလို့ရမလား "

" အင်း ရတာပေါ့ .. ပထမအပတ်ကဟာတွေမလား "

" ဟုတ်တယ် .. ကျေးဇူးတင်ပါတယ် "

အပန်းမကြီးတဲ့ကိစ္စမို့ ဂျုံအင်ချက်ချင်းခေါင်းငြိမ့်လိုက်တော့ ဆယ်ဟွန်းက ဝမ်းသာအားရ ခေါင်းငြိမ့်ဖြေလာသည်။ဆယ်ဟွန်းက အမြဲ ယဥ်ယဥ်ကျေးကျေးပဲ သုံးနှုန်းနေတာမို့ ဂျုံအင်လည်း အလုပ်ရှုပ်ခံပြီးထပ်မပြောတော့။သူ့ဘာသူ တဖြည်းဖြည်းပြောင်းလဲလာမှာပါ။

" အဲ့တာဆို ကျွန်တော်တို့ ဘယ်အချိန်စာလုပ်ကြမလဲ "

" နေ့လည်ထမင်းစားနားချိန်ဆို အဆင်ပြေမလား "

FRI•ENDOù les histoires vivent. Découvrez maintenant