16

488 99 58
                                    

[Unicode]

" စာမေးပွဲနီးနေတာကို ဂရုစိုက် "

" ဟုတ်ကဲ့ "

​ကျောင်းသွားခါနီး ဂျုံအင်ခြေထောက်ကို ပတ်တီးစီးပေးနေတဲ့ မေမေ့ကို ခေါင်းညိတ်ပြလိုက်သည်။ခြေထောက်က ၁ပတ်လောက်ကြာတော့ သိပ်မနာတော့။မေမေတို့က ချော်လဲတယ်ပြောတော့ ယုံပေး၍သာ တော်တော့သည်။

ဆယ်နာနဲ့ လက်ထပ်ဖို့အကြောင်းတစ်ခွန်းမှ မပြောလာသေးတဲ့ မေမေ့ကို ဂျုံအင်ဘက်ကနေစပြီးလည်း မမေးရဲပါ။မေမေ့စကားတွေကြားထဲမှာ ဂျုံအင်က အရှုံးပေးရမြဲဖြစ်သည်။

" သွားတော့ "

" ဟုတ်ကဲ့ "

ကျောင်းရောက်တော့ လွယ်အိတ်ကို သေချာလွယ်ရင်း ကားပေါ်ကဆင်းလိုက်သည်။ဖေဖေ့ကား မောင်းထွက်သွားမှ နံရံအကွယ်ကနေ ဆယ်ဟွန်းရဲ့အရိပ်ကလေးထွက်လာသည်။အနွေးထည်တွေကြား မြုပ်နေတဲ့ ဆယ်ဟွန်းက ဂျုံအင်ဆီကို အမြန်ပြေးလာသည်။

" ခြေထောက်သက်သာလား "

ဂျုံအင်ရဲ့လွယ်အိတ်ကို အတင်းဆွဲချွတ်သွားပြီး ကူတွဲပေးရင်း မေးလာသည်။ဆယ်ဟွန်းက တကယ်ကို လိမ္မာတဲ့ သူငယ်ချင်းဖြစ်သည်။လွန်ခဲ့တဲ့ ၁ပတ်ကတည်းက ထိုမေးခွန်းကို တစ်ရက်မပျက်မေးခဲ့တာ။

" အင်း .. သက်သာတယ် "

အတန်းထဲရောက်တော့ ထုံစံအတိုင်း ဘယ်သူမှမရှိသေး။ဂျုံအင်ကို နေရာမှာထိုင်စေပြီးမှ လွယ်အိတ်ကိုဘေးမှာချိတ်ပေးသည်။

" လက်အိတ်လည်း ဝတ်မထားဘူး "

လက်ကလေးအေးနေတတ်လို့ ဂျုံအင်က လက်အိတ်တောင်ဝယ်ပေးထားတာကို ဆယ်ဟွန်းက ဂရုတစိုက်မဝတ်။

" အင်း မေ့ခဲ့လို့ "

" လွယ်အိတ်ထဲမှာ အမြဲထည့်ထားလေ "

" ဟုတ် "

" တော်တယ် "

ဂျုံအင်ပြောတော့ ပြုံးသွားတဲ့မျက်နှာလေးက ဆယ်ဟွန်းရဲ့မူပိုင် အမူအရာလေးဖြစ်လိမ့်မည်။

" တစ်ခုခုလုပ်ချင်ရင် ငါ့ကိုပြောနော် "

" အင်း "

FRI•ENDWhere stories live. Discover now