1

1.8K 147 22
                                    

[Unicode]

" ဆယ်ဟွန်း မတွေ့တာတောင်ကြာပြီ "

" အင်း .. မင်း နေကောင်းရဲ့လား "

" မင်းရော "

" အင်း "

မွှေးပျံ့ပျံ့ ပေါင်မုန့်ရနံ့ .. ။
ခါးသက်တဲ့ ကော်ဖီအရသာ .. ပြီးတော့ မင်းနဲ့ငါ ။

•~•

" နှုတ်ဆက်လိုက် .. "

" အိုဆယ်ဟွန်းပါ .. မြောင်ဒိုအထက်တန်းကျောင်းကပြောင်းလာတာပါ "

​မြောင်ဒို​ကျောင်းက ပြောင်းလာတဲ့ ကျောင်းသားမို့ တစ်တန်းလုံးဆီက အသံထွက်လာသည်။ဆိုးလ်မှာ အထက်တန်းကျောင်းတွေအများကြီးရှိပေမယ့် မြောင်ဒိုက နာမည်ကြီးသည်။အထက်တန်းလွှာကသူတွေပဲ တက်တဲ့ ထိပ်တန်းကျောင်း။လူတွေကအဆင့်အတန်းမြင့်သလို စာလည်းတော်ကြသည်။

" လွတ်တဲ့နေရာမှာဝင်ထိုင်လိုက်နော် .. ကဲ စာအုပ်ထုတ်ကြ .. ကျောင်းဖွင့်တာ တစ်ပတ်ပဲရှိသေးတယ် ပျင်းတိပျင်းရွဲ့ပုံတွေလုပ်မနေကြနဲ့နော် "

ဆရာပြောတော့မှ ကျောင်းသူ၊ကျောင်းသားတွေရဲ့ အော်ညည်းသံတွေထွက်လာတော့သည်။အထက်တန်း ဒုတိယနှစ်ဆိုတာလည်း တတိယနှစ်လောက် အရေးကြီးသည်မို့ ဆရာတွေက အသေဖိကြသည်။

ဆယ်ဟွန်း လွတ်နေတဲ့ ပြတင်းပေါက်ဘေးက ခုံမှာဝင်ထိုင်ပြီး စာအုပ်ကိုခပ်မြန်မြန်ထုတ်လိုက်သည်။အစိမ်းသက်သက်နေရာမို့ မြန်မြန်အသားကျဖို့ဆုတောင်းမိသည်။ရုတ်တရက် ကျောင်းပြောင်းလိုက်ရတော့ တစ်ပတ်စာ လွတ်သွားတာတွေ သူပြန်ကူးရတော့မည်။

" လွတ်သွားတဲ့ စာတွေကို .. အင်းး .. ဂျုံအင်က ကူညီပေးလိုက် "

" ဒီနေ့ ဂျုံအင်မလာဘူး ဆရာ "

ဆယ်ဟွန်းဘေးက ကောင်လေးက လက်ထောင်ကာ ဝင်ပြောတော့ ဆယ်ဟွန်း ဆရာ့ကိုပြန်ကြည့်လိုက်သည်။

" အဲ့တာဆိုလည်း မနက်ဖြန်မှသူ့ကိုပြောပြလိုက်တော့ .. ကျောင်းသားသစ်ကို သူ့အပ်လိုက်ပြီ "

" ဟုတ်ကဲ့ "

ဆယ်ဟွန်းဘေးက ကျောင်းသားကငြိမ်သွားသလို ဆရာရဲ့ စာရှင်းပြသံတွေက အစားထိုးဝင်ရောက်လာသည်။နွေဦးရာသီမှာ တိုက်ခတ်လာတဲ့ လေနုလေးတွေက ဆယ်ဟွန်းရဲ့ ကော်ဖီရောင်ဆံပင်တွေကိုပုံအနည်းငယ်ပျက်သွားစေသည်။အတန်းဆင်းချိန်မှာ ကျောင်းသားတစ်ချို့ လာမိတ်ဆက်ပြီး တစ်ယောက်တည်းမဖြစ်အောင်ဂရုစိုက်ပေးကြသည်။

FRI•ENDHikayelerin yaşadığı yer. Şimdi keşfedin