7

502 104 32
                                    

[Unicode]

" မေမေ သားကို ကစားကွင်းပို့ပေးမယ်လို့ ကတိပေးတယ် .. ခုတော့ စာကျက်လိုက်ဦးနော် "

၈နှစ်အရွယ် ဂျုံအင်ရဲ့ လက်သန်းလေးကို မေမေက တစ်ဖက်သတ် ဆွဲယူ ချိတ်ဆွဲသွားပြီး အရေးကြီးသုတ်ပျာဖြင့် အိမ်ထဲက ထွက်သွားတော့သည်။

" ဖေဖေ သားကို တိရစ္ဆာန်ဥယျာဥ်လိုက်ပို့မယ်လို့ ကတိပေးထားတယ်လေ "

" ဖေဖေ အလုပ်လေးအရေးကြီးနေလို့နော် သား .. ဖေဖေနောက်ရက်ကျရင် လိုက်ပို့မှာပေါ့ "

၁၀နှစ်အရွယ်ဂျုံအင်ကို ဖေဖေက ကျောခိုင်းပြီးထွက်သွားပြန်ပါသည်။ဂျုံအင်ကတော့ ထိုကျောပြင်ကြီးကိုသာ ငေးကြည့်နေခဲ့ရတာလေ။ဒီလိုနဲ့ ဘယ်တော့မှ မတည်ဘဲ မေ့ပျောက်ခံရတဲ့ ကတိတွေကြောင့် ဂျုံအင် ကတိဆိုတာကို​ ဘာမှထူးကဲတဲ့စကားလုံးလို့ မခံစားရတော့။

" ဂျုံအင်လို့ .. ကတိပေးမှာလား "

လက်သန်းလေးကိုခါရမ်းကာ လှမ်းမေးလာတာမို့ ဂျုံအင် ပြုံးလိုက်မိသည်။ဆယ်ဟွန်းက ကလေးဆန်လိုက်တာ။

" ငါ ဘယ်သူ့ကိုမှ ကတိမပေးဘူး .. မတည်နိုင်တဲ့အခါ နာကျင်ရလိမ့်မယ် "

" မင်းကတော့ တည်မယ်မလား "

ဂျုံအင် ပြန်မဖြေမိတဲ့အခါ ဆယ်ဟွန်းက လက်ကိုပြန်ရုတ်ပြီး ရပါတယ်လို့သာ ရယ်ရင်းပြန်ဖြေလာသည်။ကိုယ့်ဘက်က တည်ဖြစ်မယ့်ကတိအကြောင်းကို ဆယ်ဟွန်းကို ထုတ်မပြောဖြစ်ပါဘူး။နောင်တစ်ချိန် မတည်နိုင်တော့တဲ့အခါ နှစ်ယောက်လုံးမနာကျင်ရတော့ဘူးပေါ့ ။

•~•

" ဘယ်လိုအားနဲ့များ ပစ်လိုက်လို့လဲဟယ် "

ဆယ်ဟွန်းရဲ့ နောက်ကျောကိုကြည့်ကာ မငယ်ရဲ့ ရေရွတ်သံကြောင့် ဆယ်ဟွန်း ငြိမ်နေလိုက်သည်။ဂျုံအင် ခိုက်မိမှာစိုးတဲ့စိတ်တစ်ခုတည်းနဲ့ ဆယ်ဟွန်း ဘာမှမတွေးနိုင်ခဲ့။

" ဘောလုံးက နင့်ဆီ တည့်တည့်လာတာရော ဟုတ်ရဲ့လား .. ဇာတ်ကားတွေထဲကလို ကောင်မလေးရှေ့ကနေ ဝင်ကာလိုက်တာမလား "

" အင်း .. ဝင်ကာလိုက်တာ "

" အံမယ် .. ဟွန်းနီ နင် .. "

FRI•ENDWhere stories live. Discover now