15

503 103 58
                                    

[Unicode]

* ဂျုံအင် သတိရတယ် *

" အရူးကောင်လေး .. ငါ့ကို သူ့ကောင်လေးများ မှတ်နေလား "

ဂျုံအင် ချက်ချင်းစာမပြန်သေးဘဲ ခပ်တိုးတိုးရေရွတ်လိုက်သည်။မေမေက ဂျုံအင်ကို ကျောင်းပိတ်ရက်တွေမှာ အပြင်မလွှတ်တော့တာမို့ ဆယ်ဟွန်းနှင့်အတူ ကော်ဖီဆိုင်တောင်မထိုင်ရ။ဂျုံအင် စာမပြန်ခင်မှာပဲ နောက်တစ်စောင်ထပ်ရောက်လာသည်။

* ငါ့ကို မလွမ်းဘူးလား *

* လွမ်းပါဘူး .. ငါ့ကိုသတိရရင် စာပိုလုပ်စမ်း လျှောက်ပို့မနေနဲ့ *

ဒီတစ်ခါတော့ ခပ်မြန်မြန်ပဲ စာပြန်ရိုက်လိုက်တော့သည်။နေ့တိုင်းလိုလို ဆယ်ဟွန်းက တီတီတာတာ စကားတွေပဲပို့နေတာ။ဂျုံအင် ပြုံးချင်ချင်နှုတ်ခမ်းတို့ကို ဖိကာသိမ်းရင်း ကျက်စာစာအုပ်ဆီ အာရုံလွှဲလိုက်တော့သည်။

* Ting *

* အဲ့တာဆို ငါက ဒယ်ဟန်းမင်းဂုမှာရှိတဲ့ အထက်တန်းကျောင်းသားတွေအားလုံးထဲ ထိပ်ဆုံးရောက်နေတော့မှာပဲ *

တဖြည်းဖြည်း စကားတတ်လာတဲ့ ဆယ်ဟွန်းကို ဂျုံအင်လည်းမနိုင်ပါ။ဘာစာမှပြန်မနေတော့ဘဲ ဖုန်းကိုချထားလိုက်သည်။ဆယ်ဟွန်းနဲ့ စကားပြောနေရင် စာထဲ အာရုံစိုက်လို့ရမှာမဟုတ်။

* ငါ မင်းကိုပေးစရာရှိလို့ .. မင်း အိမ်ရှေ့ရောက်နေပြီ *

နောက်ထပ်ရောက်လာတဲ့စာကြောင့် ဂျုံအင် ထိုင်ခုံကနေ ချက်ချင်းထရပ်လိုက်မိသည်။အလုပ်ဖွင့်ရက်မို့ ဖေဖေရော၊မေမေရော အိမ်မှာမရှိ။အောက်ထပ်ရောက်တာနှင့် Bellမြည်လာသည်။ဘယ်သူလဲ ကြည့်မနေတော့ဘဲ ခြံထဲဆင်းပြီး တစ်ခါတည်း တံခါးဖွင့်ပေးလိုက်တော့သည်။

" မင်း တော်တော်ကို အားနေတာလား "

" မင်းဆီ လာဖို့ဆို အမြဲတမ်းအားတယ် "

အပိုတွေဆိုတဲ့ စကားကိုတော့ ဂျုံအင် စိတ်ထဲကနေပဲ ရေရွတ်လိုက်သည်။ခြံတံခါးကို ဖွင့်ပေးလိုက်တော့ ဆယ်ဟွန်းက လိုက်ဝင်မလာ။

" မဝင်တော့ဘူး .. ဒါလေးပေးမလို့ "

လက်ဝတ်ရတနာဘူးလို လေးထောင့်ဘူး သေးသေးလေးကို ဆယ်ဟွန်းက မြှောက်ပြကာပြောသည်။ထိုဘူးကို ဖွင့်လိုက်တော့ platinum bracelet လေးဖြစ်နေသည်။

FRI•ENDWhere stories live. Discover now