28

708 101 37
                                    

[Unicode]

" အဆင်ပြေရဲ့လား "

သီးသန့်ယူထားတဲ့ အခန်းထဲမဝင်ခင် ဂျုံအင်က မေးလာသည်။ဆယ်ဟွန်းအတွက် ပထမဆုံးအကြိမ်မဟုတ်ပေမယ့်လည်း ပထမဆုံးအကြိမ်လို စိတ်လှုပ်ရှားနေမိသည်။ဂျုံအင်ကို ပေးထားတဲ့ကတိကြောင့် အများကြီးမမျှော်လင့်ထားပေမယ့်လည်း အနည်းအကျဥ်းတော့ မျှော်လင့်ချက်လေးဖြစ်တည်နေသည်။ဆယ်ဟွန်း ဒူးထောက်ပြီး ဂျုံအင််နဲ့ သဘောတူပေးဖို့ ပြောခဲ့သည်မလား။

" ဆယ်ဟွန်း "

ဂျုံအင်ဆုပ်ကိုင်လာပေးတဲ့ ဆယ်ဟွန်းရဲ့လက်တွေက အေးစက်နေသည်။အသက်ရှူနှုန်းကိုလျှော့ချပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားမိသည်။

" အင်း .. ဝင်ကြမယ် "

ဂျုံအင်လက်တွေကို ပြန်ဆုပ်ကိုင်ရင်း တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်တော့ တင်းမာနေတဲ့မျက်နှာထားများဖြင့် ဂျုံအင်ဖေဖေနဲ့မေမေကို တွေ့ရသည်။ဟင်းပွဲတွေကလည်း အဆင်သင့်ရောက်နေပြီးသားပင်။

" နောက်ကျသွားလို့တောင်းပန်ပါတယ် "

၁မိနစ်မျှစွန်းနေသောနာရီကို အသာငုံ့ကြည့်ရင်း ဦးညွတ်လိုက်သည်။ဂျုံအင်ကတော့ ဂျုံအင်မေမေနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်နေပြီဖြစ်သည်။

" လာ ထိုင်တော့ "

နူးညံ့ခြင်းမပါတဲ့အသံတွေက ဂျုံအင်ငယ်ငယ်ကတည်းက အသားကျနားယဥ်နေခဲ့တဲ့ အသံတွေလား။ဘယ်လောက် မွန်းကြပ်စရာကောင်းခဲ့မလဲလေ။တွေးကြည့်လိုက်ရုံဖြင့် အသက်ရှူကြပ်လာသည်မို့ ဂျုံအင်ရဲ့လက်ကလေးကိုပဲ ဆုပ်ကိုင်ထားမိပါသည်။

•~•

" ဖေဖေ့စေတနာကို နားလည်ပေမယ့် .. သား ဖေဖေ့အကြံကို ကန့်ကွက်ရမယ်ထင်တယ် "

" သားက လက်လျှော့တော့မလို့လား "

" ဂျုံအင်ကို လက်လျှော့လိုက်တာမဟုတ်ပါဘူး .. သားရဲ့ဆန္ဒတွေကို လျှော့ချပစ်လိုက်တာ "

ဖေဖေက ဆယ်ဟွန်းအတွက် အမြဲရှိပေးလို့ ဆယ်ဟွန်းအားဖြစ်ရပေမယ့် ခုချိန်မှာ ဂျုံအင်နဲ့မဝေးရဖို့တစ်ခုတည်းကသာ အရေးကြီးနေတာမို့ အကျပ်ကိုင်တဲ့ ကိစ္စမျိုးလည်း ဆယ်ဟွန်းမလုပ်ချင်ပါ။

FRI•ENDDonde viven las historias. Descúbrelo ahora