17

443 103 62
                                    

[Unicode]

* Ding dong *

ကော်ဖီဆိုင်က တံခါးလေးလှုပ်သွားတိုင်း ဆယ်ဟွန်းမော့ကြည့်မိသည်။သို့ပေမယ့် ဆယ်ဟွန်းမျှော်နေတဲ့ သူကတော့ ရောက်မလာသေး။အကြိမ်များစွာကြည့်ပြီးတဲ့နာရီဆီ ထပ်ကာ အကြည့်ပို့မိတော့ ၈နာရီထိုးနေပြီဖြစ်သည်။

ဂျုံအင်ဆီ ဖုန်းခဏခဏခေါ်ပေမယ့် ဝင်ပြီးမကိုင်။နောက်ဆုံးမှာတော့ ဂျုံအင်အိမ်ကို လိုက်သွားဖို့ ထရပ်လိုက်မိသည်။ဂျုံအင်မလာလည်းရပါတယ် .. ဆယ်ဟွန်းသွားတွေ့မှာပေါ့။

" ဂျုံအင် တစ်ခုခုဖြစ်နေလို့ထင်တယ် .. နောက်မှအတူတူလာခဲ့မယ်နော် "

စိတ်မကောင်းသလို ကြည့်နေတဲ့ဆိုင်ရှင်အစ်မကြီးကိို နှုတ်ဆက်ပြီး ဆယ်ဟွန်းဆိုင်ထဲက ထွက်ခဲ့သည်။ပိုပြီးအေးစိမ့်လာတဲ့ ရာသီဥတုကြောင့် ကားရှိရာဆီကို အမြန်ပြေးသွားမိသည်။လက်အိတ်ဝတ်ထားတာတောင် ဆယ်ဟွန်းရဲ့လက်ဖျားကလေးတွေ အေးစက်နေသည်။

" ဂျုံအင် အိမ်ကိုပို့ပေးပါ "

" ဟုတ်ကဲ့ "

ကားထဲကို ဝင်ထိုင်လိုက်မှ နွေးထွေးသွားရသည်။ပန်းချီကားကို ဘေးမှာသေချာထောင်လိုက်ရင်း ဂျုံအင် အန္တရာယ်ကင်းကင်းရှိနေဖို့ ဆုတောင်းမိသည်။

ဂျုံအင် အိမ်ပင်မရောက်သေး။နှင်းပွင့်လေးတွေက ကြေညာထားတဲ့အတိုင်း ကောင်းကင်ကနေ ဖြည်းညင်းစွာ ကျလာနေပြီဖြစ်သည်။ဂျုံအင် အိမ်ရှေ့ရောက််တော့ နှင်းမိုးရွာလာသည်။

" အစ်ကိုလေး ထီးယူဦးမလား "

" တော်ပြီ "

ကားပေါ်က ပြေးဆင်းရင်း ခြံတံခါးမှာရှိနေတဲ့ Bell ကိုနှိပ်လိုက်သည်။ဂျုံအင် လာဖွင့်ပေးဖို့တော့ မျှော်လင့်မိသည်။ဆယ်ဟွန်း တစ်ကိုယ်လုံး အေးစက်နေတဲ့နှင်းတွေနှင့် စိုရွှဲမသွားခင်မှာပဲ ခြံတံခါးပွင့်လာသည်။ခါတိုင်းတွေ့နေကျလို မဟုတ်ဘဲ suit ဝတ်ထားတဲ့ဂျုံအင်ဖေဖေကို နှုတ်ဆက်လိုက်သည်။

" ဦးလေး ဂျုံအင် ရှိလားဗျ "

" ရှိတယ် "

" ဟုတ် .. ဂျုံအင်နဲ့တွေ့ချင်လို့ပါ "

FRI•ENDWaar verhalen tot leven komen. Ontdek het nu