4

524 112 24
                                    

[Unicode]

စာမေးပွဲတိုင်းက လွယ်ကူတဲ့ မေးခွန်းတွေမို့ ဆယ်ဟွန်းကတော့ အပုဒ်စေ့ဖြေနိုင်လေသည်။မေးခွန်းစာရွက်ကိုခေါက်ရင်း စာမေးပွဲအခန်းထဲကထွက်ခဲ့တော့ တစ်စုံတစ်ယောက်ကိုစောင့်နေဟန် နံရံကိုမှီရပ်နေတဲ့ ဂျုံအင်ကို တွေ့ရသည်။ဂျုံအင်ကို စကားမပြောရတာကြာနေပြီမို့ ခဏလောက်ဖြစ်ဖြစ်တော့ စကားပြောချင်စိတ်လေးဖြစ်ရသည်။

" ဂျုံ .. "

" ရား .. ဂျုံအင် နင်ဖြေနိုင်တယ်မလား နင်ပြောတာတွေပဲပါလာတာ "

ဆယ်နာဆိုတဲ့ ကောင်မလေးက ဂျုံအင် လက်မောင်းကိုချိတ်တွယ်ရင်း ပြောလာသည်မို့ ဆယ်ဟွန်းခြေလှမ်းတွေကို ဘရိတ်အုပ်ရင်း နှုတ်ခမ်းကိုလည်း စေ့စေ့ပိတ်လိုက်သည်။ဂျုံအင်ကတော့ လွယ်အိတ်ကို လျော့တိလျော့ရဲ လွယ်ရင်း ဆယ်နာနဲ့အတူ စကားတပြောပြောဖြင့် အခန်းရှေ့ကနေ ထွက်ခွာသွားတော့သည်။

" ဘာလို့ ငါ့ကိုစောင့်နေတယ်ထင်လိုက်တာလဲ ဒုက္ခပဲ "

ဆယ်ဟွန်း ခပ်တိုးတိုးရေရွတ်ရင်း လွယ်အိတ်ယူကာ ကျောင်းထဲက ထွက်ခဲ့တော့သည်။စာမေးပွဲပြီးသည့် အချိန်က နေ့လည်ခင်းမို့ အိမ်ပြန်ပြီးနားလို့ရပြီလေ။စာမေးပွဲပြီးသည့်နေ့ဆိုတော့ ဂျုံအင်ကျူရှင်လည်းမသွားလောက်တာမို့ အတူတူပြန်ဖို့ဆိုတာလည်းမဖြစ်နိုင်။

" ဆယ်ဟွန်း "

ခပ်ကျယ်ကျယ်ခေါ်သံက ကိုယ်စီလမ်းလျှောက်နေတဲ့ ကျောင်းသားတွေကြားကထွက်လာတာဖြစ်သည်။ဆယ်ဟွန်း ကျောခိုင်းခဲ့တဲ့ ကျောင်းဝင်းဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ဂျုံအင်က ​မောနေပုံဖြင့် ဒူးပေါ်လက်ထောက်ကာ အမောဖြေနေလေသည်။

" မင်းကလည်း မြန်တာကွာ "

ဂျုံအင်ဆီတိုးကပ်သွားတော့ ဆယ်ဟွန်းလက်မောင်းကိုလှမ်းရိုက်ရင်းပြောလာသည်။ထိုအခါမှ ဆယ်ဟွန်း ဂျုံအင်ကို ပြုံးပြရင်း လွယ်အိတ်ထဲက ရေဘူးကိုထုတ်ပေးလိုက်သည်။

" မင်း ငါနဲ့မုန့်သွားစားမှာဆို "

" ဟုတ် "

" ဘယ်နေ့လဲ "

" ဂျုံအင် အားတဲ့နေ့ "

" ငါ အားတဲ့နေ့မရှိဘူး "

FRI•ENDWo Geschichten leben. Entdecke jetzt