8

458 102 37
                                    

[Unicode]

တိတ်ဆိတ်နေတဲ့ ဆိုင်လေးထဲ ဆယ်ဟွန်းနှင့် ဂျုံအင်နှစ်ယောက်တည်းသာရှိသည်။ပထမနှစ်ဝက်ဖြေပြီးကျောင်းပိတ်ထားသည်မို့ ဆယ်ဟွန်းနှင့်ဂျုံအင် အမြဲတွေ့ဖြစ်တဲ့ နေရာက Friday ဆိုတဲ့ဆိုင်လေးမှာပင်။

ခုလည်း ဆိုဖာခုံရှည်ပေါ်ထိုင်နေတဲ့ ဆယ်ဟွန်းရဲ့ပေါင်ပေါ်အိပ်ပြီး ဂျုံအင်ကစာဖတ်နေလေသည်။ဆယ်ဟွန်း bubble tea ဘူးလေးကိုယူသောက်ရင်း ဂျုံအင် ဆံပင်တွေကိုပွတ်သပ်ပေးလိုက်သည်။

" ဆယ်ဟွန်း ဖယ်စမ်း "

" မင်းဆံပင်တွေက ကိုင်လို့ကောင်းတယ် "

" ငါ အိပ်ပျော်သွားလိမ့်မယ် "

ဆယ်ဟွန်းလက်တွေကို ရိုက်ချပြီး ဂျုံအင်က ဖတ်လက်စ စာအုပ်ဆီ အာရုံပြန်ရောက်သွားတော့သည်။ဆိုင်လေးက ဆယ်ဟွန်းတို့ ပထမဆုံးလာစဥ်ကလို မဟုတ်ဘဲ စာအုပ်စင်တွေပါ ထပ်တိုးထားတာမို့ ဂျုံအင်ကတော့ မတရားတွေသဘောကျနေလေသည်။

" မင်းရော မဖတ်ဘူးလား "

ဖုန်းသုံးနေတဲ့ ဆယ်ဟွန်းကိုလှမ်းမေးလာတာမို့ ဆယ်ဟွန်း ခေါင်းခါပြလိုက်သည်။ဆယ်ဟွန်းက ဂျုံအင်လောက် စာဖတ်ဝါသနာမပါပေ။

" နေမဝင်ခင် ပြန်မယ်နော် "

" အွန်း "

ဂျုံအင်က အသံလေးထွက်တယ်ဆိုရုံမျှ ပြန်ဖြေလာသည်။ခုချိန်မှာ ဆယ်ဟွန်းက ဂျုံအင်အိမ်လည်း သိနေပြီဖြစ်သလို ဂျုံအင်ဖေဖေနှင့်လည်း ရင်းနှီးနေပြီ။ဂျုံအင်ဖေဖေက ထင်သလောက်တော့ အပေါက်မဆိုးပါ။ဂျုံအင်ကတော့ မခင်လေကောင်းလေလို့ ပြောတတ်သည်။နာရီကြည့်တော့ ၅နာရီထိုးနေပြီမို့ ဂျုံအင်ကို အသိပေးကာ နောက်ကျနေပြီဖြစ်ကြောင်းပြောရသည်။

" နောက်လည်း ထပ်လာခဲ့ပါဦး "

ဆယ်ဟွန်းတို့နဲ့ ရင်းနှီးနေပြီဖြစ်တဲ့ ဆိုင်ရှင်အစ်မကြီးကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြသည်။ဆယ်ဟွန်းအိမ်က ပါလာတဲ့ကားက လမ်းကြားထဲထိ ဝင်မရတာမို့ လမ်းမအထိ လမ်းလျှောက်ပြီးထွက်ရသည်။ဂျုံအင် ခေါင်းအုံးအိပ်ထားလို့ ထုံကျင်နေတဲ့ခြေထောက်ကို သတိထားပြီးလျှောက်ရသည်။

FRI•ENDWhere stories live. Discover now