[Unicode]
" ဟားဟား "
Mr.Oh သူ့ဘေးမှာထိုင်နေတဲ့ သားဖြစ်သူကို ငဲ့ကြည့်လိုက်သည်။ဖြူဖွေးနေတဲ့ဆံပင်တွေက သားငယ်ကို ပိုပြီးနုငယ်စေသလို။ပြုံးရယ်နေတဲ့ သားငယ်ရဲ့အကြည့်တွေက phone screen ပေါ်မှာ။ရယ်လိုက်၊စာတွေတတောက်တောက်ရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေတဲ့ သားက ဘယ်သူနဲ့စကားပြောနေလဲ ခက်ခက်ခဲခဲခန့်မှန်းစရာပင်မလို။
" သားငယ် "
" ဟုတ် "
သူခေါ်လိုက်မှ ဖုန်းကို ဘေးချရင်း ထူးလာသည်။အားလပ်ရက်မှာ သားနဲ့ နှစ်ယောက်တည်း ကုန်တိုက်သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ထွက်လာပေမယ့် တကယ်တမ်း ထိုအကြောင်းအရာက အဓိကမဟုတ်။
" ဂျုံအင်ကို တစ်သက်လုံး လက်တွဲသွားမှာလား "
" ဟုတ် .. သား ဂျုံအင်နဲ့အတူတူ တစ်သက်လုံးနေချင်တယ် "
" အရင်၃နှစ်ကလိုမျိုး .. "
" အဲ့လိုထပ်ဖြစ်ဖို့ မရှိပါဘူး .. သား ဂျုံအင်ကို ထပ်မထားခဲ့တော့ဘူး "
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးနဲ့ ပြတ်သားနေတဲ့မျက်ဝန်းတွေသည် သူနှင့်တူတာဖြစ်သည်။Mr.Oh လည်း ကလေးတွေကို ကျောင်းပြီးတာနှင့် လက်ထပ်ပေးဖို့စဥ်းစားမိပါသည်။သို့ပေမယ့် သဘောမကျတာက ဂင်ဂျုံအင်ရဲ့မိဘတွေပင်။သူတို့သားငယ်က ဘာတွေများ ချို့ယွင်းချက်ရှိနေလို့ သဘောမတူရတာလဲ။ယောက်ျားလေးချင်းမို့ဆိုတဲ့ အကြောင်းပြချက်ဆိုရင်တော့ သူလည်း လွယ်လွယ်လက်ခံခဲ့ရတဲ့ ကိစ္စမဟုတ်လို့ ကိုယ်ချင်းစာပါတယ်။
" ဂျုံအင်မိဘတွေက ဘာလို့ သားနဲ့သဘောမတူတာလဲသိလား "
" သားကတော့ ယောက်ျားလေးချင်းမို့လို့ သဘောမတူတာလို့ထင်တာပဲ .. ဂျုံအင်ပြောတာကတော့ Mr.Lee တို့က ဂျုံအင်ဖေဖေရဲ့ အသစ်စမယ့် စီမံကိန်းမှာ အများဆုံးရင်းနှီးမြှုပ်နှံမှာမို့လို့တဲ့ "
" သြော် "
သားရဲ့ပုံစံက တည်ကြည်ပြီးအေးအေးဆေးဆေးပင်။သူလုပ်နိုင်မယ့်အရာတစ်ခုကိုပြောနေသလိုမျိုး။စိုးရိမ်ပူပန်တာတွေလည်းရှိမနေပါ။
CZYTASZ
FRI•END
FanfictionBeing in love with your best friend is problematic SEHUN X JONGIN #SEKAI #UzumakiHaruto