(၅)

3.2K 283 19
                                    

Unicode version

Honeyနဲ့ Mommy

အပိုင်း (၅)

တရက် တရက် အမေ့ရဲ့ မျက်ရည်တွေကိုမြင်နေရတာ၊

အရက်မူးလာတိုင်း သားသမီးတွေနဲ့ မိန်းမကို နှိပ်စက်တတ်တဲ့ အဖေ့လို အဖေမျိုးကိုရထားတာ

ဘယ်လိုဝဋ်ကြွေးတွေများလဲ...

အရက်မသောက်ထားရင် လူကောင်းလိုပေမဲ့
အရက်သောက်လာရင် တော်တော်သွေးဆိုးတဲ့ ဖေဖေ...

ဘယ်အချိန်ထိ ဒီလိုတွေကြုံနေရအုံးမှာလဲ

အမေ့ရဲ့မျက်ရည်တွေကို ဒီထက်ပိုမကျစေချင်တော့ဘူး။

ချန်းကို အရွယ်မြန်မြန်ရောက်ချင်နေပြီ။

အမေ့ကို ဒီလိုဆိုးသွမ်းတဲ့ အဖေ့လက်ကနေမြန်မြန်ဆွဲထုတ်ချင်နေမိပြီ။

"မေ....ဘာလို့ အဖေ့လိုလူမျိုးကို ယူခဲ့တာလဲ "

"မသိတော့ပါဘူး.....
အဲ့အချိန်တုန်းက အရမ်းငယ်သေးတော့
သာယာတဲ့စိတ်နောက်လိုက်ရင်း....မှားခဲ့တဲ့အမှားတခု၊
ပြန်ပြင်လို့မရတဲ့ အမှားတခုပေါ့
အချစ်လို့ ထင်ခဲ့မိတဲ့ အချိန်တွေပေါ့ ။"

"ဒါဆို အဖေ့ကို မချစ်ခဲ့ဘူးပေါ့ "

"အဲ့ဒီအချိန်တုန်းကတော့ ချစ်ခဲ့တယ်ထင်တာပဲ....
ထားလိုက်ပါ ....အဲ့ဒီအကြောင်းတွေပြန်မတွေးချင်ပါဘူး။"

-ခွမ်းးးး-

ဘာတွေထပ်ပြီးသောင်းကျန်းနေသေးသည်မသိ။

သားအမိသုံးယောက်အိမ်ရှေ့ထွက်ကာ
ငုတ်တုတ်လေးတွေထိုင်နေကြရင်း
နို....အလာကိုစောင့်နေလိုက်ကြသည်။

"ချန်းကို....သမီးက ခနနေ နိုရာ..လာရင်
သူ့နဲ့လိုက်သွားလိုက် အမေတို့သားအမိက
နင့်အဖွားအိမ် သွားလိုက်မယ်။

သူ့ဆီ ငါတို့သားအမိတပြုံကြီးလိုက်သွားပြီး
ဒုက္ခမပေးချင်လို့ ..."

"သမီးလဲ ဖွားတို့အိမ်ပဲလိုက်ခဲ့လိုက်မယ်လေ "

"ဖွားတို့အိမ်က  ကျဉ်းတယ်လေ ။
နင့်မောင်အိပ်ပုံနဲ့ ကုတင်ကဆံ့မှာတောင်မဟုတ်ဘူး။
နောက်ရက် အမေလာခေါ်မယ်။"

Honey နဲ့ MommyWhere stories live. Discover now