Honey & Mommy
အပိုင်း - ၁၅
"ဟိတ် "
ထိုအသံနဲ့အတူ နိုရာဟာ သူမခေါ်ဆောင်သွားရာဆီ....
"ဘယ်သွားမလို့လဲ "
"ငါနဲ့အတူရှေ့ခန်းကနေလိုက်စီး"
"ခနလေး သူငယ်ချင်းတွေကိုပြော ...."
စကားတောင်ဆုံးအောင်မပြောရသေးပဲ
သူမဆွဲခေါ်ရာဆီသို့ ပါသွားခဲ့တော့သည်။"ဦးလေး သမီးတို့နှစ်ယောက် အတူစီးလို့ရတယ်မလား"
"သေးသေးလေးတွေဆိုရပါ့ဗျာ "
"ငါတို့ကိုသေးသေးလေးတွေတဲ့ "
"မဟုတ်နေလို့လား "
"ဟုတ်တော့ဟုတ်ပေမဲ့ "
"ဒီနေ့ အနီးကပ်မတက်နဲ့တော့" သူမက ကားရှေ့ခန်းထဲ
တိုးထိုင်ရင်း တိုးတိုးလေးကပ်ပြောလေသည်။"ဘာလို့ "
"ပျင်းလို့လေ "
"ဟယ် အဲ့ဒါဆို ဘာလို့ကျောင်းလာနေသေးလဲ
အိမ်မှာအိပ်နေလိုက်လေ ""ကျောင်းမသွားရင် အမေက ငါ့ကိုသတ်မှာပေါ့"
"အဲ့ဒါနဲ့ ငါ့ကိုပါ ဘာလို့မတက်ခိုင်းသလဲ
အကြောင်းအရင်းက ""နင်က ငါ့ရဲ့ Soulmate လေ
ဆိုးတူဆိုးဘက် ""ဟင့်အင်း ငါကမဆိုးတတ်ပါဘူး"
အရမ်းလိမ္မာပြနေတဲ့ နိုရာ့ ကို သူမက
တည့်တည့်စိုက်ကြည့်လာလေသည်။နှစ်ယောက်သားမျက်လုံးချင်း သုံးစက္ကန့်စာလောက်ဆုံပြီးနောက်.....
"ဘယ်သွားကြမလဲ "
နိုရာ့ရဲ့ ထိုစကားသံကြောင့်
သူမက မျက်လုံးလေးတွေမှေးကျဉ်းတဲ့အထိရယ်လိုက်ပြီး
နိုရာ့ပုခုံးပေါ်ခေါင်းလေးလာမှီကာ လက်မောင်းတွေကို
ခပ်တင်းတင်း ဆုပ်ကိုင်ထားလေတော့သည်။"ငါ...နင့်ကို အဲ့ဒါတွေသဘောကျတာ
ငါဘာဖြစ်ချင်နေလဲဆိုတာကို နင့်မျက်လုံးတွေကို
ခနစိုက်ကြည့်လိုက်တာနဲ့ နင်ကသိနှင့်နေတယ်။""လူဆိုးမကြီး
သူဆိုးတိုင်း သူများကိုပါလိုက်ဆိုးခိုင်းနေတယ်"
YOU ARE READING
Honey နဲ့ Mommy
Romanceဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...