Unicode version
Honey နဲ့ Mommy
Episode -2
"ချန်းကို အဲ့ဒါ ဘယ်သူလဲ နင့်အမေတော့မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး ငါ့အမေသူငယ်ချင်း
ငါ့အမေနဲ့အသက်အတူတူပဲ ""ဟုတ်လို့လား ငယ်ငယ်လေးရှိသေးတဲ့ပုံပဲ"
"ငါ့မမက နုဖတ်အုအက်နေတာလေ"
"နင့်အမေနဲ့ အသက်အတူတူပဲဆိုတော့ အန်တီလောက်တော့လုပ်ပါ။
ဘာလို့ မမ ""ငယ်ကတည်းက သူက မမ လို့ပဲခေါ်ခိုင်းတာ
အကျင့်ဖြစ်ပြီးနှုတ်ကျိုးနေပြီ မမလို့ပဲခေါ်တတ်တော့တယ် ""ချောတယ်နော် အဲ့မမက "
"အင်း...မမက ငါ့ idolလေ
ငါကြီးလာရင်သူ့လိုပဲ တယောက်တည်းနေမှာ
နေတာထိုင်တာ အရမ်း smart ကျတာ
ပိုက်ဆံလဲ ရှာတာအရမ်းတော်တာ ""ဟုတ်လား "
.
.
.မြန်မာပြည်ရဲ့ လူနေမှုထုံးစံအတိုင်း
ကျောင်းအုပ်နှင့် အတန်းပိုင်ဆရာမရှေ့ ပုတ်သင်ညိုလို
ခေါင်းတညိမ့်ညိမ့်ဖြင့်ဆရာမတွေရဲ့ သြဝါဒခြွေနေတာကို
နိုရာကို တယောက် သည်းခံကာနားထောင်နေလိုက်သည်။စိတ်ထဲကနေတော့ ...ဒါဟာအပြစ်တခုမှမဟုတ်ပဲလေ
အရွယ်ရောက်လာတဲ့သူတိုင်း စူးစမ်းချင်ကြတာပဲကိုဟယ်
ကိုယ်တွေငယ်ငယ်ကဆိုလဲ sex education ကို
ဘာဆိုဘာမှနားမလည်ပဲ ဒါဟာရှက်စရာတခုလိုကြီးပြင်းလာခဲ့ရတာလေ။
ဒီခုခေတ်ကလေးတွေကိုတော့ ကိုယ်တို့ခေတ်ကလို
မဖြစ်စေချင်တာမှန်ပေမဲ့ ရှေးရိုးစွဲနေတဲ့မြန်မာပြည်မဟုတ်လား။"ဟုတ်ကဲ့ရှင့် ကလေးကို သေချာဆုံးမလိုက်ပါမယ်ရှင့်"
စိတ်ထဲကမပါတဲ့ စကားတွေကို ထပ်ကာတလဲလဲ
ကတိကဝတ်ခံပြီးနောက်ရုံးခန်းရှေ့မှာ မျက်နှာက ဇီးရွက်လောက်ဖြင့်
စူပုတ်ပုတ်နဲ့ ထိုင်စောင့်နေတဲ့ ချန်းချန်းကို..."လာ....ကျောင်းလဲဆင်းပြီမလား
အိမ်ပြန်ပို့ပေးမယ် သူငယ်ချင်းကရော ဘာနဲ့ပြန်မှာလဲ
လာကြိုမှာလား ""သူက လာကြိုမဲ့လူမရှိဘူး....မမ.....ဟို...."
"လာ အဲ့ဒါဆို တခါတည်းလိုက်ခဲ့ ပြန်ပို့ပေးမယ်"
![](https://img.wattpad.com/cover/252719913-288-k236480.jpg)
VOUS LISEZ
Honey နဲ့ Mommy
Roman d'amourဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...