Unicode version
.
.
.Honey & Mommy
အပိုင်း(၁၂)
.
.
.မေမြို့လမ်း ၆ထပ်ကွေ့ကိုကျော်ဖြတ်လာပြီးနောက်
တရိပ်ရိပ်ပြေးနေတဲ့ကားလေးရယ်
တောင် နံရံတွေမှာ ကုတ်ကပ်ပေါက်နေတဲ့ သစ်ပင်စိမ်းစိမ်းတွေရယ်
ချမ်းအေးတဲ့ ရာသီဥတုရယ်....ဒီလိုဆင်တူတဲ့ အခြေအနေတွေရယ်ကြောင့်
နိုရာ့အတွေးတို့သည် လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်ကို
memory recalling လုပ်ပေးနေသလိုဖြစ်လာပြီးအတိတ်ကအကြောင်းအရာတို့သည်
စီစဉ်တကျ အတွေးတွေထဲဝင်လာလေတော့သည်။လွန်ခဲ့သော နှစ် ၂၀ခန့်လောက်က
၂၀၀၄,၂၀၀၅ ပညာသင်နှစ်
အနယ်နယ် အရပ်ရပ်က အဝေးသင်တွေ မန္တလေးမြို့ကို ကျောင်းလာတက်ချိန်လောက်ပေါ့....November လ အစလောက်လား
သေချာ မမှတ်မိပေမဲ့....
မိုးကုတ်မြို့ဆိုတာ ဆောင်းစဝင်တာနဲ့ ခိုက်ခိုက်တုန်အောင်ချမ်းသည်လေ။မန္တလေးမြို့ကို ကျောင်းသွားတက်ကြမဲ့
ကျောင်းသားတွေ စင်းလုံးပြတ်ငှားထားတဲ့ ကျောင်းကားက
ဟိုင်းလပ်ယာဉ်တစီးဖြစ်သည်။
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. အဲ့လိုကားတွေပေါ့။
အရမ်းစုတ်တဲ့ကားဆို မူးချက်ကလန်ထွက် ။🤒🤒
(photo credit မောင်ထွန်းဦး မိုးကုတ် )တစီးကို ဆယ့်နှစ်ယောက်ခန့်သာဆန့်ပေမဲ့
ထိုခေတ်ရဲ့ ထုံးစံအတိုင်း
ဘာမှမဖြစ်ဘူး လိုက်လို့ရတယ်ဆိုပြီး
ဆယ့်ငါးယောက်ကျော်တဲ့ ကျောင်းသားကျောင်းသူတွေဟာ
ငါးပိသိပ် ငါးချဉ်သိပ်သလိုမျိုး ကျပ်ညပ်စွာ လိုက်ပါစီးနင်းခဲ့ကြသည်။ကားခေါင်မိုးပေါ်မှာ ကျောင်းသားအချို့လိုက်ပါကြပြီး
ကားထဲမှာတော့ ကျောင်းသူလေးတွေပေါ့လေ။

ESTÁS LEYENDO
Honey နဲ့ Mommy
Romanceဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...