Unicode version
.
.
.
.Honey & Mommy
အပိုင်း (၁၄)
@Friend Tea shop
"တယောက်ကို ၁သောင်းနဲ့ နှစ်ထောင်စီပေးကြ
ဘယ်နှစ်ယောက်လဲ လိုက်မဲ့လူက
၁,၂,၃,၄,.....၁၂,၁၃,၁၄....ဟုတ်ပြီ အကုန်လိုက်မှာသေချာတယ်နော်...ငါ Ph ဆက်ပြီး confirm လိုက်တော့မယ်"73လမ်း 38-39 ကြားက Friend Tea ဆိုင်ထဲတွင်
၁၅ယောက်ခန့်ရှိသည့် ကျောင်းသူကျောင်းသားများ
စုဝေးထိုင်နေကြခြင်းဖြစ်သည်။အကြောင်းကတော့ မေမြို့သွားလည်ကြဖို့ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် ကျားကျားရားရားအစ်မကြီးက
အနီးက PCO ဆီ ထသွားပြီး
မေမြို့သွားဖို့ စင်းလုံးပြတ်ကားငှားမည့်အကြောင်း
phသွား ဆက်နေခြင်းပင်။
(အခုခေတ်အခေါ်အနေနဲ့ သုံးနှုန်းရမယ်ဆိုရင်
အရပ်မြင်မြင့်နဲ့ Tachi ဆန်တဲ့အစ်မကြီးလို့ပြောရမလား??
အရပ်က ငါးပေရှစ်လက်မလောက်ရှိတဲ့အပြင်
ဘောင်းဘီကွာတားလေးတွေနဲ့ Shirtကလေးတွေပဲဝတ်တတ်သည့်အဲ့ဒီ တတိယနှစ်က အစ်မကြီးက အရမ်းကြည့်ကောင်းနေခဲ့တာပေါ့။)PCO ကနေ Ph ဆက်ပြီးပြန်လာပြီးနောက်
"တယောက် သောင်းနှစ်ထောင်က ခန့်မှန်းချေပဲ
ပိုပဲပိုမှာပါ။ ငါ...မရရအောင်စစ်ထားတယ်။
ဂိတ်ကြေးတွေကို ငါတို့ပဲပေးမယ်လို့ပြောထားတယ်။
မနက်ဖြန်မနက်စောစောထွက်ကြမယ်နော်။
အဆောင်မပိတ်ခင် အရောက်ပြန်လာကြမယ်။
ပွဲကောက်တို့ဘာတို့မှာရေဆော့ချင်ရင်တော့
အဝတ်အပိုလေးထည့်လာကြ။"First Yearလေးတွေရဲ့ တလက်လက်နဲ့တောက်ပပြီး
အားကိုးတဲ့အကြည့်တွေက အဲ့ဒီအစ်မကြီးဆီမှာ။သူ့ကျေးဇူးနဲ့ မန်းလေးမြို့ထဲလဲ တော်တော်စုံအောင်ရောက်ဘူးနေကြတာကိုး။
ဤသို့နှင့်
ကျောင်းလာတက်တာလား
လာလည်တာလားမသဲကွဲတဲ့ နိုရာတို့အဖွဲ့ဟာ
မေမြို့လဲနှံ့ မန္တလေးတခွင်လဲပြဲပြဲစင်အောင်လည်ကြလေသတည်းပေါ့။မေမြို့ကိုတရက်လုံးလည်ပြီးအပြန်
"Final ကျရင် ချောင်းသာသွားကြမယ်နော်
ပိုက်ဆံပိုကုန်မှာမို့လို့ အခုကတည်းကသေချာစုထားကြ"

ŞİMDİ OKUDUĞUN
Honey နဲ့ Mommy
Romantizmဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...