Chapter ( 1 )

5.1K 733 15
                                    


(Unicode)

မုရှင်းယု မျက်လုံးကို ဖွင့်လိုက် သောအခါ သန့်ရှင်း သပ်ရပ်သည့် အခန်း တစ်ခန်းကို တွေ့လိုက်ရသည်။ သူအနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ သူသည် ဘယ်ဘက် လက်ကို မြှောက်ပြီး ကြည့်လိုက်တဲ့အခါ သူ၏ လက်ကောက်ဝတ်မှာ ထိတ်လန့်စရာ တစ်ခုမှ မရှိဘဲ ဖြူဖွေးပြီးတော့ ချောမွတ်နေသည်။

ဘာဖြစ်သွားတာလဲ?

သူဟာ အကူညီမဲ့စွာ စတင်ပြီး အံ့အားသင့် နေခဲ့တယ်။ သူက သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ ထင်ရှားတယ်။ သူသွေးဟာ မြေကြီးကို စွန်းထင်းနေခဲ့တယ်။ ဘာကြောင့် ... သူဘာကြောင့် ပြန်ပြီ မျက်လုံးပွင့် လာခဲ့တာလဲ? ဒါပေမယ့် သူ့လက်ကောက်ဝတ်မှာ ဘာအနာမှ မရှိခဲ့ဘူး။

စကားမစပ်, ဒီအခန်းကို ကြည့်ရတာသူတွေ့ဖူးတဲ့ တစ်နေရာရာနဲ့ ဆင်တူနေ သလိုဘဲ။

မူရှင်းယု၏ ရှုပ်ထွေးနေသော ဦးနှောက်ထဲတွင် အလင်းရောင် တစ်ချက် တောက်ပလာသည်။ ၎င်းသည် သူ ပထမဆုံး တီဗီဇာတ်လမ်းတွဲတွင် ပါ၀င်သည့် အခါက တည်းခိုခဲ့သည့် ဟိုတယ် ဖြစ်သည်ကို သူသတိရ သွားခဲ့တယ်။ သူသည် အံ့အားသင့်စွာဖြင့် ထလိုက်သည်။ ဒါပေမယ့် သူ့ခြေထောက် ဒဏ်ရာကို ထိခိုက်မိ သွားပြီး သူအိပ်ရာပေါ်သို့ ပြန်၍ လဲကျသွားသည်။

သူသည် အိပ်ရာဦးခေါင်းကို အလျင်အမြန် ဆုပ်ကိုင်လိုက် သော်လည်း မီးအိမ်ကတော့ အိပ်ရာဘေးကို ကျယ်လောင်စွာ ပြုတ်ကျသွာတယ်။

" ရှင်းယု ဘာဖြစ်သွားတာလဲ? "
တစ်ယောက်ယောက်က တံခါးကို ဖွင့်လိုက်ပြီး သူ့၏ လက်ထဲရှိ အစားအစာကို ချက်ချင်းပဲ ချကာ အိပ်ယာဆီသို့ လာပြီး စိုးရိမ်စွာဖြင့် မေးလိုက်တယ်။

" အကိုရှင်းယု မင်းလဲကျသွားတာလား? မင်းဘာလိုချင်လို့လဲ ပြော ငါမင်းအတွက် သွားယူပေးမယ် "

" ရှောင်ဝမ်? "
မူရှင်းယုက ရှောင်ဝမ်ကို မြင်သောအခါ အံ့အားသင့် သွားခဲ့သည်။

ရှောင်ဝမ်သည် သူ့အတွက် ကုမ္ပဏီမှ စီစဉ်ပေးသော လက်ထောက်ဖြစ်ပြီး
နာမည် အပြည့်စုံမှာ ဖန်းရှောင်ဝမ် ဖြစ်သည်။ သူနှင့် အသက်ရွယ်တူ ဖြစ်သည့်အပြင် တက်ကြွရွှင်လန်းသော လူငယ်လေးလဲ ဖြစ်သည်။

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now