Chapter ( 2 )

3.4K 653 12
                                    

(Unicode)

ရှောင်ဝမ် ဝင်လာသောအခါ မုရှင်ယု၏ ပြုံးရွှင်နေတဲ့ညမျက်နှာကို တွေ့တော့ သူ မအံ့သြသွားခဲ့ပေ။

သူသည် မုရှင်ယု နောက်သို့ လိုက်နေသည်မှာ ကြာပြီး ဖြစ်သည်။ မုရှင်းယု၏ ရုပ်ရည်သည် အလွန်မြင့်မားသဖြင့် သူက ယောက်ကျားချင်းတောင် မအံသြဘဲ မနေနိုင်ဘူး။သို့သော် ယခု မုရှင်းယုသည် ယခင်ကထက် ပို၍ ပင်အံ့သြဖွယ် ကောင်းလာသည်ကို သူ တွေ့လိုက်ရသည်။

" ဘာဖြစ်လို့လဲ? " မုရှင်းယုက သူ့အား ကြည့်ကာ လက်ကောက်ကို သူ့အင်္ကျီလက်၌ ဝှက်လိုက်ပြီး သံသယဖြင့်မေးလိုက်သည်။

ရှောင်ဝမ်က ခေါင်းကို ခါယမ်းလိုက်ပြီး " ရှင်းယု မင်းအရင်က ထက်ပိုကြည့်ကောင်းလာလို့ ငါအံ့သြသွားတာပါ "

" ဟမ်းး ဟုတ်လာ " မုရှင်းယုက နည်းနည်း ထူးဆန်းသွားတယ်။ သူကြာပန်းပွင့်​ရေကို သောက်မိတဲ့ အကျိုးကြောင့် များလာ?။ သူရေချိုးခန်းထဲ အမြန်လျှောက်သွားပြီး မှန်ထဲမှ သူ့၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်တယ်။

သူ့မျက်နှာက အရင်အတိုင်းဘဲ ၊ဒါပေမယ့် သူ့အသားရေက အရင်ကထက် ပိုပြီး နူးညံ့လာပုံရတယ်။ မူလက သူ၏ ညာဘက်ပါးတွင် အမာရွတ် တစ်ခု ရှိခဲ့သည်။သူငယ်စဉ် ကစားခဲ့ စဉ်က သစ်ကိုင်း တစ်ခုဖြင့် ထိုးမိပြီး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ဒါပေမယ့် အခု သူမှန်ရှေ့ကို သွားပြီး အနီးကပ် ကြည့်လိုက်တော့ အမာရွတ်ကို သူမမြင်တော့ချေ။

သူဟာ မအံ့သြဘဲ မနေနိုင်ခဲ့ဘူး။ထို့နောက် သူဟာ ကြာပန်းရေ၏ ကုသ နိုင်စွမ်း အသစ်ကို နားလည်သိရှိသွားသည်။

ရှောင်ဝမ်ဟာ မှန်ကြည့်နေတဲ့ ရှင်းယုကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်တယ် " ရှင်းယု မင်းရုပ်ရည်ကို မင်းကြည့်ပြီး မအံ့သြဘူးလာ...မင်းပရိတ်သတ်တွေက မင်ဘဝရဲ့ အကြီးမားဆုံး နောင်တက မင်းမျက်နှာကို မင်းမနမ်းနိုင်တာဘဲလို့ ပြောကြတာ အံ့သြစရာ မဟုတ်ပါဘူး "

" ရယ်မ​နေနဲ့တော့ မင်းခွင့်ပြုချက် သွားတောင်းတာ ဘယ်လိုလဲ "
မုရှင်းယုက ရေချိုးခန်းထဲက ထွက်လာပြီး မေးလိုက်တယ်။

RTMADF (မြန်မာဘာသာပြန်) Dove le storie prendono vita. Scoprilo ora