Chapter (23.2)

2.7K 576 29
                                    


စာမစစ်ထားပါဘူး🤗။

(Unicode)

နောက်တစ်နေ့တွင် မုရှင်းယုသည် မားမားမုထံမှ ဖုန်းခေါ်ဆိုမှုကို ထပ်မံရရှိခဲ့ပြီး သူ့အမေပြောသောကုန်တိုက်ဆီသို့ ကားမောင်းသွားရန် သူ့ကံကြမ္မာဖန်လာခဲ့သည်။

အရင်ကနဲ့မတူစွာ, သူက ကားထဲကမထွက်ခင် Mask ကိုတမင်တပ်ထားလိုက်တယ်။

သူ့ကိုမြင်တော့ မားမားမုက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ပြောတယ် " ဒါက စတားတစ်ယောက်နဲ့တူတယ် " ပြီးနောက်, သူမက မေးလိုက်တယ် " သား, ဒီကို လာတဲ့လမ်းမှာ တစ်ခုခုတွေ့သေးလား? "

" ဘာတွေ့တာလဲ? " မုရှင်းယုက မေးတယ်။ တကယ်တော့ သူ့စိတ်ထဲမှာ မားမားမုရဲ့ အတွေးကို သိနှင့်ပြီးသား။ ဒါပေမယ့် သူက တမင်မသိချင်ဟန်ဆောင်ကာ မေးလိုက်တယ်။

မားမားမုက မျက်မှောင်ကြုတ်ကာ ပြောတယ်။ " လမ်းပေါ်မှာ ကြော်ငြာဆိုင်းဘုတ်တွေ မတွေ့ဘူးလား? "

မုရှင်းယုက ပြုံးပြီးပြောတယ် " ကျတော်တွေ့တယ်၊ အခု ကျတော် မားကို လိမ်လိုက်တာ "

" ဟမ့် အမေကို လိမ်ရဲတယ်ပေါ့လေ " မားမားမုက စိတ်ဆိုးစွာဖြင့် မုရှင်းယု၏ခန္ဓာကိုယ်ကို ထိုးနှက်ပြီး မေးလိုက်တယ် " သဘောကျလာ? "

" အင်, သဘောကျတယ် " မုရှင်းယုကပြောတယ်။ ဒါပေမယ့် ရုတ်တရက် သူ တစ်ခုခုမှားနေတယ်လို့ ခံစားရတာကြောင့် မေးလိုက်တယ်။ " မား,အဲ့ဒီ Support မှာပါဝင်ခဲ့တာတော့ မဟုတ်ပါဘူးနော်? "

" အမှန်ဘဲ, မား တစ်ခုလုံး ပါဝင်ခဲ့တာ " မားမားမုက ဂုဏ်ယူစွာပြောသည်။

" မားက 'အချစ်ကြယ်လေးအုပ်ထိန်းသူ' လား? " မုရှင်းယုက အံ့အားသင့်စွာ မေးသည်။ မူလက သူ ထို local fans နှစ်ယောက်ကို ဆက်သွယ်ရန် စီစဉ်ထားသော်လည်း မနေ့ညက ကုယွမ်ကျိုးသည် သူ့အိမ်သို့ သွားလည်မည်ဟု ရုတ်တရက်ပြောလာသောကြောင့် သူ ပရိသတ်များကို ဆက်သွယ်ရန် မေ့သွားခဲ့သည်။ မမျှော်လင့်ဘဲ 'အချစ်ကြယ်လေးအုပ်ထိန်းသူ' ၏ identity ကိုအလွန်လျင်မြန်စွာတွေ့ရှိသွားတယ်။

{ # အဖြေကတော့ မားမားမုပါ ❤ မားမားမုက အရမ်းချစ်ဖို့ကောင်းတာ }

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now