Chapter (20)

2.8K 559 26
                                    

(Unicode)

ညနေခြောက်နာရီခွဲတွင်, ကုယွမ်ကျိုး၏ အစည်းအဝေးသည် နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့သည်။ သူသည် ရုံးခန်းဆီသို့ အမြန်ပြန်လာကာ အထဲမဝင်မီ သူ့အသွင်အပြင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး တံခါးကိုဖွင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ် " မင်းကို အကြာကြီးစောင့်စေမိပြီး "

" မဟုတ်ပါဘူး " မုရှင်းယုသည် တည်ထောင်ခြင်းအကြောင်း တွေးနေမိသည်။ စတူဒီယိုအကြောင်း တွေနေလိုက်တာ အချိန်တွေ မြန်တယ်လို့ခံစားလိုက်ရတယ်။

သူနှင့်ကုယွမ်ကျိုးတို့သည် အထူးဓာတ်လှေကားဖြင့် မြေအောက်ထပ်သို့ လာခဲ့ကြတယ်။ ပြီးတော့ ဒါက ကု၏သီးသန့်ကားတွင် စီးတာပထမဆုံးအကြိမ်ဖြစ်သည်။

ကားထဲတွင် ကွန်ပျူတာထားရန် စားပွဲငယ်တစ်ခုအပြင် ရေခဲသေတ္တာငယ်နှင့် အခြားအရာဝတ္ထုများပါရှိပြီး အလွန်ကျယ်ဝန်းသည်။

မုရှင်းယုသည် ကုယွမ်ကျိုး၏ဘေးတွင်ထိုင်ကာ သူ၏လက်ကိုင်ဖုန်းကိုထုတ်ပြီး " မစ္စတာကု, ခင်ဗျားရဲ့ဖုန်းနံပါတ်ကဘာလဲ? ကျတော်တို့ဖုန်းနံပါတ်တွေ မလဲထားရသေးဘူး "

ကုယွမ်ကျိုးက အံ့အားသင့်သွားပြီး သူ့လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ကာ သူ့ဖုန်းနံပါတ်ကို ပြောပြလိုက်တယ်။ ဖုန်းနံပါတ်ကိုပြောပြီးနောက်မှာ မုရှင်းယုက သူ့ကိုဖုန်းခေါ်လာတယ်။

မကြာခင်မှာပဲ မုရှင်းယု၏ ဖုန်းဝင်လာပြီး ခေါ်ဆိုသူ ID ကို မသိရပေမယ့် "ရှင်းယု" လို့ပေါ်နေတယ်။ တကယ်တော့, ကုယွမ်ကျိုးသည် ချန်ဖန်းဆီကနေ မုရှင်းယု၏ ဖုန်းနံပါတ်ကို တောင်းခဲ့တာကြာပြီဖြစ်ပေမယ့် သူ ဘယ်တုန်ကမှ မုရှင်းယုကို ဖုန်းခေါ်ဆိုဖို့ အခွင့်အရေးမရှိခဲ့ဘူး။

ထုံးစံအတိုင်း, မုရှင်းယုသည် ဤအသေးစိတ်အချက်အလက်များကို သတိမထားမိခဲ့ပေ။ ဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးနောက် WeChat ကိုဖွင့်ကာ ကုယွမ်ကျိုးကို WeChat သူငယ်ချင်းအဖြစ်ထည့်ရန် QR ကုဒ်ကိုစကင်န်ဖတ်ခဲ့သည်။

မကြာခင်မှာပဲ, မစ္စတာကုကို သူ့သူငယ်ချင်းစာရင်းထဲ ထည့်လိုက်တယ်။

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now