(Unicode)ကုယွမ်ကျိုး သူ၏ နေ့လည်စာ စားချိန် အပြီးတွင် ချာလီသည် သူ့အား ခြေထောက် နှိပ်နယ်ပေးရန် ရောက်လာသည်။
" မင်းကဘာလို့လဲ?" ကုယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
" တခြားသူမရှိဘူးလား? " ကုယွမ်ကျိုးက မေးတယ်။
မုရှင်းယုသည် အရင်က ကုယွမ်ကျိုးကို နှိပ်ခဲ့ဖူးတာကို ချာလီက ရုတ်တရက် သတိရသွားပြီး မစပ်စုဘဲ မနေနိုင် ဖြစ်နေတယ်။
" မင်းက မုရှင်းယု လာလိမ့်မယ်လို့ထင်နေလား? "
ကုယွမ်ကျိုးက အေးစက်တဲ့ မျက်နှာနဲ့ စကား ပြောတယ်။
ချာလီက ပိုပိုပြီးတော့ စိတ်ဝင်တစား ဖြစ်လာပြီး " မင်း သခင်လေးမု ကိုအရမ်း စိတ်ဝင်စား နေပုံရတယ် "
" ပေါက်ကရ ပြောနေတာတွေ ရပ်လိုက်တော့! "
" လာပါ မင်းရှင်းပြချင်မယ်ထင်တယ်၊ အမ်း ဒီမှာ ဓလေ့သုံးစကား ရှိတယ် " ချာလီဟာ တရုတ်လို အရမ်းချော်တယ်၊ လူတွေက သူ့ကို နိုင်ငံခြားသား တစ်ယောက်အနေနဲ့ လျစ်လျူရှုထားတယ်၊ ဒါပေမယ့်သူကကျယ်ပြန့်လေးနက်တဲ့ ဓလေ့သုံးစကားတွေ ကိုဂရုမပြုနိုင်သေးဘူး။
ကုယွမ်ကျိုးသည် ရစ်ချတ်ကို မဖမ်းဘဲ၊ မုရှင်းယုဘယ်ရောက် နေလဲဆိုတာ စူးစမ်းနေမိသည်။ ဒါမှမဟုတ် သင်း သူ့ဆီကနေ ပုန်းနေတာလား?။
စကားပြောနေစဉ် ချာလီသည် ကုယွမ်ကျိုး၏ ခြေထောက်များကိုပွတ်သပ် ပေးနေသည်။ " မင်း မေ့မြောနေတဲ့အချိန်က မုရှင်းယု မင်းကို ဂရုစိုက် ခဲ့တာကို မင်းသိမှာမဟုတ်ဘူး "
" အတိအကျ " ကုယွမ်ကျိုးက ပြီးပြည့်စုံတဲ့ စကားနှစ်လုံးကို ပြောလိုက်တယ်။
ချာလီက ကုယွမ်ကျိုးနှင့် သိတာကြာပြီး သူက ကုယွမ်ကျိုးရဲ့ ဒေါသကို နားလည်နှင့်နေပြီးသာ။ သူက သိချင်နေတာ ထင်ရှားပေမယ့် အေးစက်ချင် ယောင်ဆောင်နေတယ်။" သူပထမဆုံး ရောက်လာ တုန်းကဆို သူတို့မူလက သူ့အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးခဲ့တယ်။ သူကမင်းကို ဂရုစိုက်ဖို့ အချိန်မကုန်အောင် မင်းနဲ့အတူ အိပ်ဖို့ အခိုင်အမာကို ပြောခဲ့တယ် "
YOU ARE READING
RTMADF (မြန်မာဘာသာပြန်)
RomanceStart Date - 3.8.2021 End Date - ? All Credits go to original author and Original publisher. ❌ Translation without author's permission ❌ I'm just Translate ❌ ❌You can read both zawgi or uni ❌