(Unicode)မုရှင်းယုသည်ကုတင်ရှိရာသို့လာပြီးကုယွမ်းကျိုးကိုဂရုတစိုက်ကြည့်လိုက်သည်။
ယနေ့ကုယွမ််ကျိုးသည်ပိုးသားညဝတ်အင်္ကျီကို၀တ်ဆင်ထားပြီးအိပ်ယာပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေတယ်။တကယ်လို့သူသာမသိထားလျှင်သူ(ယွမ်ကျိုး)ကအိပ်ပျော်နေသည်ဟုဘဲသူထင်လိမ့်မည်။
သူ့မျက်နှာကအများကြီးတိုးတက်ကောင်းမွန်လာပြီးအရင်ကလိုဖြူဖျော့မနေတော့ပေ။
မုရှင်းယုသည်ကုယွမ်ကျိုး၏ရှင်သန်မှုကိုမတော်တဆစုပ်ယူခဲ့မိသည့်နောက်ဆုံးအကြိမ်ကိုသူသတိရသွားတယ်။
သူကနောက်ပိုင်မှာအဲ့တွက်ပြန်လည်ပြုပြင်ခဲ့သော်လည်းသူသည်အလွန်နောင်တရနေဆဲဖြစ်သည်။
သူသည်ရေတစ်ခွက်ကိုအလျင်အမြန်ထည့်လိုက်ပြီးကြာပန်းသုံးပွင့်ရှိဝိညာဉ်အရည်အားလုံးကိုလောင်းချ၍ကုယွမ်းကျိုးအားတိုက်ကျွေးလိုက်တယ်။
" မစ္စတာကု၊ကျတော်ခင်ဗျားကိုနောက်ဆုံးဘဝကအတွက်တောင်းပန်ပါတယ်။ကျတော်ခင်ဗျားရဲ့ရောဂါကိုသေသေချာချာကုသပေးပါ့မယ်။ခင်ဗျားမြန်မြန်ပြန်နိုးလာလိမ့်မယ်လို့ကျတော်ယုံကြည်တယ်။ပြီးတော့... " မုရှင်းယုကနောက်ဆုံးဘဝကသူတို့ကိုသတ်ခဲ့တဲ့အန်ဒရီအကြောင်းတွေးခဲ့ပြီးလှောင်ပြုံးတစ်ခုနဲ့ " အန်ဒရီ,ခင်ဗျားရဲ့လျှိုဝှက်ကြံစည်မှုတွေကမအောင်မြင်စေရဘူး "
မုရှင်းယုကရေအများကြီးမထည့်ထား၍သိပ်မကြာခင်မှာပဲရေတိုက်ကျွေးခြင်းကပြီးဆုံးသွားခဲ့တယ်။
သူကကုယွမ်ကျိုးရဲ့ပါးစပ်ထောင့်တွေကိုပဝါနဲ့ညင်သာစွာသုတ်ပေးလိုက်ပြီးနောက်မနေနိုင်ဘဲပြုံးလိုက်မိတယ်... " မစ္စတာကုခင်ဗျားရဲ့အခုပုံစံကအရင်ကထက်ပိုပြီးနူးညံ့သိမ်မွေ့နေတယ် "
ဒါဟာစိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတစ်ခုဖြစ်နိုင်တယ်။ကုယွမ်ကျိုးရဲ့မျက်နှာအသွင်အပြင်ကချက်ချင်းကိုအများကြီးတိုးတက်လာတယ်လို့မုရှင်းယုကခံစားရတယ်။
ထိုနောက်မုရှင်းယုသည်ရိုးရှင်းသောသူနာပြုအတက်ပညာများကိုသင်ယူရန်သူနာပြုဆရာမနောက်သို့လိုက်ခဲ့တယ်။
YOU ARE READING
RTMADF (မြန်မာဘာသာပြန်)
RomanceStart Date - 3.8.2021 End Date - ? All Credits go to original author and Original publisher. ❌ Translation without author's permission ❌ I'm just Translate ❌ ❌You can read both zawgi or uni ❌