Chapter (14)

3.1K 632 14
                                    

(Unicode)

ယာဂု ကျွေးပြီးသောအခါ မုရှင်ယုသည် နံနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အဘိုးကုက ပြုံးပြီး သူ့ကို ကြည့်လိုက်တယ်။

" ရှင်းယု ယွမ်ကျိုးက မနေ့ညက သားအနားယူတာကို မထိခိုက်စေပါဘူးနော် "

" မထိခိုက်စေပါဘူး "

မုရှင်းယုက ပြုံးလိုက်တယ် ဒါပေမယ့် ကုယွမ်ကျိုးက မနေ့ညက သူ့အိမ်မက်ထဲမှာ သူ့ကို လိုက်ဖမ်းနေတာကိုတော့ မညီးညူ နိုင်ခဲ့ဘူး။ သူ ကောင်းကောင်းတောင် အနားမယူခဲ့ရဘူး။

နံနက်စာ သုံးဆောင်ပြီးနောက် ပါးပါးကု သည်လည်း ဆေးသောက်ခဲ့တယ်။

မုရှင်းယုသည် ဦးစွာ ရေရရှိရန် လုပ်ဆောင်ပေးပြီး ကျန်ရှိနေသော ဝိဉာဉ်အရည်ကို ပါးကု သောက်ရန်အတွက် ရေခွက်ထဲသို့ ထည့်လိုက်သည်။ (#သေချာဖတ်ရင် သတိထား မိလားတော့ မသိဘူး ပါးပါးကုနဲ့ ဖိုးကုဆိုတာ တစ်ယောက်ထဲနော်။ အဖိုးကုကို တစ်ခါတစ်လေ ပါးကုလို့ ရေးထားတယ်။ ကု စိတ်ထင် ယွမ်ကျိုးရဲ့ ပါးရော မားရောက မရှိတော့ဘူး။ ဖိုးကုဘဲကျန်တော့တာထင်တယ်:")

အဘိုးအိုကုသည် အမြဲတမ်း ကျန်းမာရေး ကောင်းနေသော်လည်း
သူက မနေ့က ရုတ်တရက် လဲကျကာ စိတ်ခံစားမှု အပြောင်းအလဲများကြောင့် ရုတ်တရက်မေ့မြောသွားခဲ့တယ်။

ယခု ကုယွမ်ကျိုး နိုးလာသောအခါ အဘိုးအိုကုသည် စိတ်အခြေအနေ ကောင်းလာပြီး မုရှင်းယု၏ ဝိညာဉ်အရည် နှင့်အတူ သူ၏ အခြေအနေသည် လျင်မြန်စွာတည်ငြိမ်လာသည်။

ညစာ စားပြီးသောအခါ မုရှင်းယုသည် ဥယျာဉ်၌ လမ်းလျောက်ကာ ဝိညာဉ်အရည်များကို လမ်းတစ်လျှောက် စုဆောင်းခဲ့သည်။ ထိုကာလအတွင်း သူသည် ကု၏ အိမ်သို့ ဇိမ်ခံကားများစွာ လာနေသည်ကို သူတွေ့လိုက်တယ်။

ကုယွမ်ကျိုး နိုးလာသည့် သတင်းကို ကု၏ မိသားစုများ ကြားသောအခါ သူတို့သည် တွေ့ဆုံချင်ကြပြီး လာရန်မစောင့်နိုင်တော့ချေ။

မုရှင်းယုသည် ဥယျာဉ်၌ ဆက်၍ နေခဲ့ပြီး မကြာခင်မှာဘဲ သူက တုန်ရှီရဲ့ အသံကို ကြားလိုက်တယ်။ " အစ်ကိုရှင်းယု ရှင်ကဒီမှာဘဲ အမ်! "

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now