Chapter (27)

2.1K 265 31
                                    

(Unicode)

ပစ်ခတ်ချင်နေတဲ့ သက်တော်စောင့်တွေကို အန်ဒရီကတားလိုက်တယ်။
" အခုတရုတ်ပြည်ထဲမှာ အကယ်၍ ငါတို့ပစ်လိုက်ရင် ငါတို့ထွက်သွားလို့ ရတော့မှာမဟုတ်ဘူး "

ထိတ်လန့်တုန်လှုပ်နေပေမယ့် အန်ဒရီသည် စဥ်းစားဉာဏ်ကို ဆက်လတ်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ယာဥ်မောင်းနှင့်သက်တော်စောင့်တွေကို မလှုပ်ရှားဖို့ပြောကာ ကားတံခါးကိုဖွင့်ပြီး ထွက်လာခဲ့တယ်။

" ဝမ်းကွဲအကို မင်းအဆိပ်လုံးဝမမိခဲ့ဘူးလို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ဒီတစ်ခါတော့ ငါလက်ခံရတော့မယ် " အန်ဒရီသည် သူ့လက်ကို ဖြန့်ကားထားရင် ပုံမှန်အတိုင်းရယ်မောကာ ပြောနေသည်။

ကုယွမ်ကျိုးသည် ကားထဲမှ မထွက်ဘဲ အန်ဒရီနှင့် သူ၏အပေါင်းပါများကို ထိန်းချုပ်ရန် ချန်ဖန်းကို တိုက်ရိုက် အမိန့်ပေးလိုက်တယ်။

" ဝမ်းကွဲအကို ဒါကဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းနော် မင်းငါ့ကို ဖမ်းတာကတရားမ၀င်ဘူး " အန်ဒရီကပြုံးတယ်။

" ဟုတ်လား? ဒါဆို မင်းငါ့ကိုအဆိပ်ခတ်တုန်းကရော ဥပဒေကိုချိုးဖောက်နေကြောင်းတွေးမိရဲ့လာ? "

" ငါ မင်းကို အဆိပ်မခတ်ဘူး! ကျေးဇူးပြုပြီး ငါ့ကို အသရေမဖျက်ပါနဲ့။ သံရုံးကလူတွေ မကြာခင် ဒီကိုရောက်​လာတော့မယ်။ ဝမ်းကွဲအကို သူတို့ကို ပြောပြနိုင်မလာ? "

အန်ဒရီက ကုယွမ်ကျိုးရှိရာ Hummer နဲ့  နီးကပ်အောင် ရုန်းကန်လိုက်ပြီး " မင်း ရှင်းယုကို ငါဆီလာစုံစမ်းဖို့ ခွင့်ပြုလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် ရှင်းယု ကိုယ်မင်းကို အပြစ်မတင်ပါဘူး မင်းဖိအားပေးခံရမှန်းကိုယ်သိတယ် "

မုရှင်းယု : ???

" ရှင်းယု ကိုယ်မင်းကို သဘောကျတယ်၊ တကယ်လို့ မင်းထွက်သွားချင်ရင် ကိုယ်မင်းကိုအချိန်မရွေးလာခေါ်မယ် " အန်ဒရီက ချစ်ခင်စွာပြောတယ်။ ဒါက မုရှင်းယုကို လုံးလုံးလျားလျားစိတ်ပျက်သွားစေတယ်။

ကုယွမ်ကျိုး၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် မဲမှောင်လာပြီး သူ့လက်သီးများကို တင်ကျပ်စွာ ဆုပ်ထားလိုက်မိသည် - " အန်ဒရေ၊ ငါ အခု မင်းကိုမကူညီနိုင်တော့ဘူး ဒါပေမယ့်..."

You've reached the end of published parts.

⏰ Last updated: Sep 17, 2022 ⏰

Add this story to your Library to get notified about new parts!

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now