Chapter (12)

2.8K 599 4
                                    

(Unicode)

မုရှင်းယု ဆေးရုံရောက်လာပြီးတဲ့နောက် သူက ချန်ဖန်းကို ခေါ်လိုက်တယ်။မစ္စတာကုဟာ အရေးပေါ်ကယ်ဆယ်မှုတွေလုပ်ခဲ့ပြီး အန္တရာယ်ကနေ ကင်းလွတ်သွားပြီး ဆိုတာ သိလိုက်ရပြီး ယခု သူက အထူးကြပ်မတ်ကုသဆောင်မှာအနားယူနေတယ်။

သူနဲ့ မားမားမု တို့ဟာ အထူးကြပ်မတ်ကုသဆောင် ကိုအလျင်အမြန် သွားခဲ့ပြီး ဓာတ်လှေကားက ထွက်လာတာနဲ့ကြည်လင်တဲ့ ဆွေးနွေးမှုတွေကိုကြားလိုက်ရတယ်။

" အဖိုးကုကဆေးရုံမှာ,ဒုဥက္ကဌ,သူ......အခုကုမ္ပဏီကိုဘယ်လိုလုပ်ကြမလဲ? "

" တကယ်လို့ဒီနေရာမှာဥက္ကဋ္ဌကုသာရှိရင်အဆင်ပြေလိမ့်မယ် "

စင်္ကြံလမ်းပေါ်မှာ,ကုရဲ့စီမံခန့်ခွဲမှုဝန်ထမ်း အများအပြားက ဒီမှာ ရှိနေတယ်။သူတို့က မုရှင်းယုနဲ့မားမားမုကို မြင်သွားပြီး အရမ်းကိုအံ့သြသွားတယ်,သူတို့ကိုပိုပြီးအံ့သြသင့်စေတာက တံခါးနားရှိ သက်တော်စောင့်ကသူတို့ကို လူနာဆောင်ထဲ ဝင်ခွင့်ပြုလိုက်တာ ဖြစ်တယ်။

" သူတို့က ဘယ်သူတွေလဲ? "

" ကြည့်ရတာ ကျီးနန်အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီက နဲ့တူတယ် "

.....

လူနာဆောင်ထဲ ဝင်သွားပြီးနောက်,မုရှင်းယုက လူနာဆောင်ထဲမှာ လူခုနှစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက် ရှိနှင့်နေပြီး ဆိုတာသူကတွေ့လိုက်ရပြီ သူတို့က အဖိုးကုနှင့် ​စကားပြောဆိုနေကြတယ်။

" အဖေ,အခုကုမ္ပဏီမှာခေါင်းဆောင်မရှိဘူး,တစ်ယောက်ယောက်ကအခြေအနေအားလုံးကိုဦးစီးဦးဆောင်လုပ်ဖို့လိုနေတယ် "

" ဟုတ်တယ်, ဒုဥက္ကဋ္ဌဟဲရဲ့ ကုမ္ပဏီအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုက မခန့်မှန်းနိုင်ဘူး၊ပြန်လည်ဆန်းစစ်ပြီးတော့ ဂုဏ်သတင်းကို နဂိုအတိုင်းပြန်ဖြစ်ဖို့အတွက် ကောင်းမွန်တဲ့လူတစ်ယောက်အရေးတစ်ကြီးလိုအပ်တယ် "

....

သခင်ကြီးကုသည် ကုတင်ပေါ်မှာ ထိုင်နေပြီး ဆေးဖြည့်သွင်းခြင်းကို ခံယူနေတယ်။သူက ကုရဲ့ရာထူကြီးအထက်ပိုင်းတွေက အဆက်မပြတ် ပြောနေတာကို နားထောင်နေပြီး သူရဲ့ မျက်နှာက တည်ငြိမ်နေပြီး သူ၏ သဘောထားကိုထုတ်ဖော်ပြသခြင်းမရှိခဲ့ဘူး။

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now