Chapter (11)

2.8K 560 10
                                    

(Unicode)

နောက်တစ်နေ့တွင် မုရှင်းယု နိုးလာသောအခါ သူ့ကိုယ်သူ ကုယွမ်ကျိုးနှင့် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လျက် တွေ့လိုက်ရသဖြင့် သူက လန့်ဖြန့်စွာ ထထိုင်လိုက်သည်။

ဘာဖြစ်သွားတာလဲ?

သူက ကုယွမ်ကျိုးနဲ့ အတူတူ ကုတင်ပေါ်မှာ အမြဲ အိပ်ခဲ့ပေမဲ့ သူအိပ်တဲ့ ပုံစံက ကုယွမ်ကျိုးကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး။

ဒါပေမယ့် ဒီနေ့ သူတို့နှစ်ယောက်က နီးကပ်နေပြီး အနေအထားကို ကြည့်ရတာ သူက ကုယွမ်ကျိုးရဲ့ အနားကို ရွေ့သွားပုံရတယ်။

" ခင်ဗျားကို ဖိမိသွားတယ်မဟုတ်လာ? " မုရှင်းယုသည် အနည်းငယ် စိုးရိမ်သွားတယ်။

မနက်စာ မစားခင် သူက စစ်ဆေးရန်အတွက် ချာလီကို ဖုန်းခေါ်ဆိုလိုက်တယ်။

" မင်းသူ့ကို ဘာမှ မလုပ်ထား ပါဘူးနော်? " မုရှင်းယုရဲ့ မသိုးမသန့်ဖြစ်နေသော အသိစိတ်ကို ကြည့်ပြီး ချာလီက မနေနိုင်ဘဲ မေးလိုက်တယ်။

" ချာလီ, ခင်ဗျားဘာတွေ တွေးနေလဲ? ကျတော် သူ့ကို စိတ်ပူရုံသက်သက်ဘဲ...မနေ့က သူ့လက်ချောင်း လှုပ်သွားတယ် ,ဒီအခြေအနေမှာ ...ဒီနေ့ အသစ်အဆန် တစ်ခုခု ရှိလာရင် ဘယ်လို လုပ်မလဲ " မုရှင်းယုက လျှင်မြန်စွာ ရှင်းပြလိုက်တယ်။

ဒါပေမယ့် ချာလီက သိသိသာသာကို မယုံဘူး။ အဲ့တာက မုရှင်းယုကိုအရမ်း ကူကယ်ရာမဲ့ ဖြစ်စေတယ်။

စစ်ဆေးပြီးနောက်မှာ ကုယွမ်းကျိုးသည် အဆင်ပြေတာ​ကြောင့် မုရှင်းယုက စိတ်သက်သာရာ ရသွားတယ်။

ထိုနောက် မုရှင်းယုသည် ကုယွမ်ကျိုးအား ပုံမှန်အတိုင်း စိတ်ဝိညာဉ်အရည်ကို ကျွေးမွေးပြီးနောက် ရှင်သန်မှုကို စုပ်ယူရန် ဥယျာဉ်သို့သွားခဲ့သည်။

ထိုအချိန်မှာ ချန်ဖန်းက ရောက်လာပြီး အသံနိမ့်နဲ့ ပြောလိုက်တယ် " သခင်ငယ်လေးမု, လင်းရှောင်ရဲ့ အိမ်ကို စောင့်ကြည့်ဖို့ စီစဥ်ထားတဲ့ သူက ဒီမနက် သူ့ရဲ့ မီခံသေတ္တာထဲမှာ ဆေးအချို့ကို တွေ့ခဲ့ပါတယ် ဆေးနမူနာကို ချာလီကို ပေးထားတယ် မကြာခင် ရလဒ်ကို ရပါမယ် "

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now