Ep - 09

82 17 4
                                    

Episode 9 : : I can still hear your voice. I can still feel your warmth. Even today, I live in your time again.



..........................
၁၃ ကြာပြီးနောက်
...........................



လရောင်ဟာ စတိုးဆိုင် သေးသေးလေး၏ ဆိုင်းပုဒ်ဆီကတစ်ဆင့် အရှေ့က သစ်သားကွပ်ပျစ်ပေါ်အထိ ဖျော့တော့တော့ ထိုးကျနေသည်။ လရောင်တစ်ခုတည်းလား ဆိုတော့ မဟုတ်။ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတာက နှင်းတွေလည်း တူတူပါသည်။

နှင်းတွေကို မော့ကြည့်ရင်း၊ လက်ပေါ်တွင် ပတ်ထားသည့် နာရီကိုပါ တစ်ချက်တစ်ချက် ငုံ့ကြည့်နေသေးသည့် ခပ်ငယ်ငယ် မိန်းကလေးတစ်ဦးက စတိုးဆိုင် တံခါးအား နောက်ကျောခိုင်းထားသည်။ အတွင်းကနေ တံခါး ဆွဲဖွင့်ပြီး သူမအနီး တရွေ့ရွေ့ လျှောက်လာသည့် ခြေသံကို ကြားပုံ မရ။

" ဒီမှာ မိန်းကလေး။ "

အသံကြောင့် ဆတ်ခနဲ တုန်သွားပြီး အနောက်ကို မဆိုင်းမတွ လှည့်ကြည့်သည်။ ဟောဒီ စတိုးဆိုင်သေးသေးလေးမှာ ဝယ်သူရယ် ဆိုပြီး အခြားလူ တစ်ဦးတစ်ယောက်မှ မရှိ။ အနီးအနားကို လှမ်းကြည့်တော့လည်း ဖြတ်သွားဖြတ်လာ ဆိုလို့ ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးပင် ခိုကပ်မနေတာ သိသာသည်။

" ညဘက်ကြီး လူသူပြတ်တဲ့ နေရာမှာ ခပ်ချောချော မိန်းကလေးတစ်ယောက်တည်း အန္တရာယ် မများလွန်းဘူးလား။ အဆင်ပြေရင် အိမ်အထိ ကိုယ် လိုက်ပို့ပေးရမလား။ "

ညှတုတုအသံဖြင့် မျက်ခုံးတွေပါ ပင့်ပြလာတော့ မိန်းကလေးရဲ့ မျက်နှာအမူအရာက ဖျတ်ခနဲ တည်တံ့သွားသည်။
သို့သော် စက္ကန့်တစ်ခဏသာ တည်တံ့ထားနိုင်ပုံ ပေါ်သည်။
အရှေ့တည့်တည့် အရပ်မှ မျက်ခုံးနှစ်ဖက်ဟာ ပိုမို မြူးထူးစွာ ပင့်လာသည်နှင့်တစ်ပြိုင်နက်၊ လရောင်နှင့် နှင်းတွေအပြင် ရယ်သံတစ်ချို့ကပါ ပတ်ဝန်းကျင်အား လွှမ်းမိုးဖို့ရာ အတူတူ အားဝင်ဖြည့်ပေးလိုက်တော့သည်။

" အစ်ကိုရယ်။ မသိရင် တကယ့်လမ်းသရဲကြီး ကျနေတာပဲ။ "

Ah-young ရယ်သံတွေက တော်တော်နှင့် မရပ်။ တစ်ယောက်တည်းရပ်စောင့်နေခဲ့ရသော မိနစ်အနည်းငယ်အတွက် အထီးကျန်မှုနှင့်အချမ်းဓာတ်က ရင်နှင့်မဆံ့အောင် ပြည့်သွားပုံပေါ်သည်။ အချမ်းဓာတ်နှင့်အထီးကျန်မှုတွေ ဝေးဝေးလွင့်သွားအောင်လို့ သူ့အနီး ချက်ချင်းပဲ မနှောင့်မနှေး တိုးကပ်လာကာ လက်မောင်းတစ်ဖက်ကို ချိတ်သည်။ မုန့်အိတ် ကိုင်ထားသည့် လက်ဖြင့် ထီးကို မြှောက်ဖွင့်ရင်း ခေါင်းနှစ်ခုပေါ် သူ မိုးကာလိုက်သည်။

Less Ice, More Sugar - Side Story (Completed)Tempat cerita menjadi hidup. Temukan sekarang